
နေပြည်တော် ဧပြီ ၈
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသော အားဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖျန်းခြင်း၊ စတုဒိသာ ဧည့်ခံ ကျွေးမွေးခြင်း၊ သင်္ကြန် တေးသီချင်း အက၊ အလှများဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲ အခမ်း အနားကို ယနေ့တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီး ဌာနရုံးချုပ်များ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးက မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ ရိုးရာအတာသင်္ကြန် အကြိုပွဲကို ပါဝင်ဆင်နွှဲကြသည့် အရာထမ်း၊ အမှုထမ်းများအားလုံး နှစ်သစ် တွင် ပျော်ရွှင်ကျန်းမာကြပါစေ ကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံတာဝန်၊ မိသားစုတာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်နိုင် သူများ ဖြစ်ကြပါစေကြောင်း၊ ကပ်ရောဂါ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ချမ်းသာ သုခနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန အကြီးအကဲများက စတုဒိသာဧည့်ခံ ကျွေးမွေးနေမှုများ၊ သင်္ကြန်တေး သီချင်းများဖြင့် တွဲဖက်၍ ယိမ်း အက အလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်နေမှုများကို ကြည့်ရှု အားပေးကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ အောင်သပြေ ခက်ဖြင့် အတာရေပက်ဖျန်းကာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်