သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (၁၅) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂ 


သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၅)   ကြိမ်မြောက်   မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို       ယနေ့ မွန်းလွဲပိုင်းက          နေပြည်တော်ရှိ သစ်တောဦးစီးဌာန         ရုံးချုပ် ရုံးအမှတ် ၃၉ ၌     ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊      ဒုတိယဝန်ကြီးများ၊   အမြဲတမ်း အတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ် များ၊  ဦးဆောင် ညွှန်ကြားရေးမှူး များ၊    ပါမောက္ခချုပ်၊     ပြိုင်ပွဲဝင် အသင်းများနှင့်   အရာထမ်း၊ အမှု ထမ်းများ  စုံညီစွာ   တက်ရောက်ကြ ပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

 


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးက    အဖွင့်အမှာစကား ပြောကြားပြီး  ဦးစီးဌာန၊  လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏   ပျော်ရွှင်စွာ    ယှဉ်ပြိုင် မှုကို  လှည့်လည်ကြည့်ရှုအားပေး သည်။

 


ထို့နောက် ပြိုင်ပွဲတွင်ပထမဆု ရရှိသော ဘူမိဗေဒနှင့်  ဓာတ်သတ္တု ရှာ‌ဖွေရေးဦးစီးဌာန   အသင်းကို ပြည်ထောင်စုဝန်ကြီး     ဦးခင် မောင်ရီက      လည်းကောင်း၊ ဒုတိယဆုရရှိသော  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန  အသင်း ကို ဒုတိယဝန်ကြီး  ဦးထွန်းအုံက လည်းကောင်း၊    တတိယဆုရရှိ သော    အမှတ်(၁)   သတ္တုတွင်း လုပ်ငန်းအသင်းကို ဒုတိယဝန်ကြီး ဦးမင်းသူက     လည်းကောင်း ဆုများ   ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန် အသင်းများကို    နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း    သိရ သည်။        

သတင်းစဉ်