
သုဝဏ္ဏဝတီ ဩဂုတ် ၁၁
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏ ဝတီမြို့ အ.ထ.က (ကျိုက္ကော်) ရွှေရတုခန်းမ၌ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းမှစတင်၍ သထုံ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့် ကွင်းဆင်း ကျန်းမာရေးစစ်ဆေးရေး အဖွဲ့တို့ ပူးပေါင်းကာ ရွေ့လျား ကွန်ပျူတာ ဓာတ်မှန်စက်ဖြင့် အဆုတ် (တီဘီရောဂါ) နှင့် ရင်ခေါင်း ဆိုင်ရာရောဂါများကို ပြည်သူများ အား အခမဲ့စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့သည်။
လာရောက် စမ်းသပ်သော ပြည်သူများအား ဦးစွာဓာတ်မှန် ရိုက် စစ်ဆေးပြီး ရောဂါတွေ့ရှိ သူများကို သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ် သောကုသမှုများ ညွှန်ကြားပေး ခြင်း၊ လာရောက်စစ်ဆေးသူ ပြည်သူ ၁၉၁ ဦးအနက် ရောဂါ ရှိသူ ၁၄ ဦး တွေ့ရှိကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါ ပြန့်ပွားမှုမရှိအောင် ရောဂါ ရှိ၊ မရှိ လာရောက်စစ်ဆေးကြရန် လို ကြောင်း ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဦးက ပြောသည်။
ယခုကဲ့သို့ ကွန်ပျူတာ ဓာတ်မှန်စက်ဖြင့် အခမဲ့ နယ်လှည့်တီဘီရောဂါ ရှာဖွေ ကုသခြင်းသည် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေးကို များစွာ အထောက်အကူပြုကြောင်း သိရသည်။
ခွန်(ဝင်းပ)