သူနာပြုသားဖွားဒီပလိုမာသင်တန်း၏ သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

 

စစ်ကိုင်း   ဇွန်  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုသူနာပြု-သားဖွားသင်တန်းကျောင်း အပတ်စဉ် (၂) သူနာပြု သားဖွားဒီပလိုမာ သင်တန်း၏ သင်တန်းသား သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ဇွန် ၂၈  ရက်က   အဆိုပါကျောင်းရှိ  သပြေညိုခန်းမတွင်   ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊  ဆေးရုံအုပ်ကြီး၊  ကျောင်းအုပ်ဆရာမကြီး၊ သူနာပြုအုပ် ဆရာမကြီးများနှင့်   ဝန်ထမ်းများ၊   ကျောင်းသား   ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)