
နေပြည်တော် ဩဂုတ် ၁၁
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၇) ကို ဩဂုတ် ၁၃ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ် သည်။
အဆိုပါ ပွဲစဉ်(၂၇) ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင်နှင့် မေသော်လဝန်းတို့က တင်ဆက် ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဩဂုတ် (၁၃၊ ၁၄၊ ၁၅ )ရက်များတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်