သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲအသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော်   ဇူလိုင်  ၈
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာ ပေး အစီအစဉ် (Family Quiz)  ပွဲစဉ်(၂၂)ကို ဇူလိုင်  ၉ ရက်  ညနေပိုင်းတွင်   မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားမှ   ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ 
အဆိုပါပွဲစဉ်(၂၂)၏ ကိုဗစ်-၁၉  ဆိုင်ရာ အသိ ပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ရဲထိုက် နှင့် ဆုမြလှိုင်တို့က  တင်ဆက်ကြမည်ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် (၁၀ ၊ ၁၁) ရက်များ တွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။                   

 

သတင်းစဉ်