
နေပြည်တော် ဖေဖော်ဝါရီ ၉
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာ ပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်(၅၃)ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။
အဆိုပါ ပွဲစဉ်အမှတ်(၅၃)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော် အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၁၊ ၁၂၊ ၁၃ ရက်နေ့များတွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ MRTV -HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်