သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော်   စက်တင်ဘာ   ၈


သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ် (၃၁)ကို စက်တင်ဘာ ၁၀ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ   ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ   ပွဲစဉ် (၃၁)၏  ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်  ကို   အစီအစဉ်တင်ဆက်သူ   ထူးပြည့်အောင်နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို  စက်တင်ဘာ (၁၀၊ ၁၁၊ ၁၂)ရက်နေ့များတွင် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏  ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။                    

သတင်းစဉ်