
နေပြည်တော် ဇူလိုင် ၂၂
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၄) ကို ဇူလိုင် ၂၃ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည် ဖြစ်သည်။
အဆိုပါ ပွဲစဉ် (၂၄) ၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင် နှင့် မေသော်လဝန်း တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇူလိုင် ၂၃၊ ၂၄ နှင့် ၂၅ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ ညနေ ၆ နာရီ သတင်းအပြီး ၌ ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်