
နေပြည်တော် ဧပြီ ၂၀
သုတဝေဖြာသီရိဂေဟာမိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၆၂) ကို ဧပြီ ၂၂ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးသီဟ နှင့် ဂျေနောတို့က တင်ဆက်ကြ မည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစု များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဧပြီ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်