သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    ဧပြီ   ၆ 


သုတဝေဖြာသီရိဂေဟာ   မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ်(၆၁)ကို ဧပြီ ၈ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ  ကျော်ကျော်နှင့် ခိုင်သဇင်ဦးတို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့်  ကိုလူချော တို့အဖွဲ့မှမိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ  ယင်းပြိုင်ပွဲ များကို ဧပြီ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV HDမှ ညနေ ၆ နာရီ  သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်