သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်   မတ်  ၂


သုတဝေဖြာသီရိဂေဟာ  မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ်  (Family Quiz) ပွဲစဉ်အမှတ်(၅၆)ကို မတ် ၄ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့် မည် ဖြစ်သည်။

 


အဆိုပါ   ကိုဗစ်-၁၉  ဆိုင်ရာ အသိပညာပေး      အစီအစဉ်ကို   သရုပ်ဆောင်   ကျော်ကျော်နှင့် ဆုမြတ်နိုးဦးတို့က တင်ဆက်ကြ မည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ    မိသားစု များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို မတ်လ  ၄၊  ၅၊  ၆ ရက်နေ့များတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ   ၆  နာရီ     သတင်းအပြီး တွင်  ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။   


သတင်းစဉ်