သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၃


သုတဝေဖြာသီရိဂေဟာ   မိသားစု ပြိုင်ပွဲ  အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်  (၅၅) ကို ဖေဖော်ဝါရီ  ၂၅  ရက်တွင်   မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ၏  MRTV–HD Channel  မှ ဆက်လက်   ထုတ်လွှင့်မည်ဖြစ် သည်။ 

 


အဆိုပါ  ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး           အစီအစဉ်ကို        သရုပ်ဆောင်   ကျော်ကျော်နှင့်       ခိုင်သဇင်ဦးတို့က တင်ဆက်ကြ မည်ဖြစ်ပြီး   လူရွှင်တော်အသင်း နှင့် ကိုလူချောတို့အဖွဲ့မှ မိသားစု များ          ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၅၊ ၂၆၊ ၂၇ ရက်များတွင်  မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်      ပြသသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်