
နေပြည်တော် ဖေဖော်ဝါရီ ၂
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်(၅၂)ကို ဖေဖော်ဝါရီ ၄ ရက် တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အမှတ်(၅၂)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို တေးသံရှင် ရဲထိုက်နှင့် MRTV မှ ဆုမြလှိုင် တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင် တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၄၊ ၅၊ ၆၊ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်