
နေပြည်တော် ဒီဇင်ဘာ ၁
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်(Family Quiz) ပွဲစဉ် (၄၃) ကို ဒီဇင်ဘာ ၃ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာ ပေး အစီအစဉ်ကို တင်ဆက်သူ ရဲထိုက်နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဒီဇင်ဘာ (၃ ၊ ၄ ၊ ၅) ရက် နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆နာရီ သတင်းအပြီး၌ ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်