သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    မေ   ၁၁


သုတဝေဖြာသီရိဂေဟာ   မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်  (Family Quiz) ပွဲစဉ် (၆၅) ကို မေ ၁၃ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

 


အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာ ပေး အစီအစဉ်ကို   အစီအစဉ်တင်ဆက်သူ စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြမည် ဖြစ်ပြီး  လူ ရွှင်တော်အသင်းနှင့်  ကိုလူချောတို့ အဖွဲ့မှ မိသားစုများ   ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို မေ ၁၃ ရက်၊ ၁၄    ရက်နှင့် မေ ၁၅ ရက်နေ့တို့တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏    MRTV-HD  မှ  ညနေ ၆ နာရီသတင်းအပြီးတွင်   ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်