သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်   မေ    ၄
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၆၄) ကို မေ ၆ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား  ၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ  ထူးပြည့်အောင်နှင့်  ခိုင်သဇင်ဦးတို့က  တင်ဆက်ကြ မည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ  ယင်းပြိုင်ပွဲများကို မေ ၆၊ ၇ နှင့် မေ ၈ ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HDမှ ညနေ  ၆  နာရီ  သတင်းအပြီးတွင်  ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။                      သတင်းစဉ်