
နေပြည်တော် ဧပြီ ၂၇
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၆၃)ကို ဧပြီ ၂၉ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင်နှင့် ခိုင်သဇင်ဦးတို့က တင်ဆက်ကြမည် ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဧပြီ ၂၉၊ ၃၀နှင့် မေ ၁ ရက် နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV -HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်