သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ် လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်   ဇူလိုင်   ၁၃


သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ်  (Family Quiz)   ပွဲစဉ်(၇၄)ကို ဇူလိုင် ၁၅ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက် ထုတ်လွှင့် မည်ဖြစ်သည်။ 

 


အဆိုပါ   ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှု    အစီအစဉ်ကို အစီအစဉ်          တင်ဆက်သူ ကျော်ကျော်နှင့်  ခိုင်သဇင်ဦးတို့က တင်ဆက်ကြမည်ဖြစ်ပြီး    လူရွှင် တော်အသင်းမှ      မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်း ပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်၊ ၁၆ ရက်နှင့်     ၁၇  ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD   မှ     ညနေ ၆ နာရီ သတင်းအပြီးတွင်  ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း        သိရ သည်။ 


သတင်းစဉ်