
နေပြည်တော် နိုဝင်ဘာ ၂၄
သုတဝေဖြာ သီရိဂေဟာမိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၂) ကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ် သည်။
အဆိုပါ ပွဲစဉ်(၄၂)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို တင်ဆက်သူ ရဲထိုက်နှင့် ယဉ်လက်တို့က တင်ဆက် ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစု များက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို နိုဝင်ဘာလ (၂၆၊ ၂၇၊ ၂၈)ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်