သုံးခွမြို့နယ်၌ အသက် ၁၈ နှစ်အထက် ကာကွယ်‌ဆေးတစ်ကြိမ်မှ မထိုးနှံရ‌သေးသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

 

သုံးခွ    ဇန်နဝါရီ   ၁၃


ရန်ကုန်တိုင်းဒေသကြီး   တောင် ပိုင်းခရိုင်         သုံးခွမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ကာကွယ် ဆေးထိုးရန်        ကျန်ရှိနေသူ များအား       အိန္ဒိယနိုင်ငံထုတ် (Covishield)    ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်)ကာကွယ်‌ဆေးထိုးရန်      ကျန်ရှိ နေသူများအား      ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံ ခြင်းကို   ယမန်နေ့က   မြို့နယ် အားကစားခန်းမ     ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးသည်။ 

 


ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ  ၈  ရက်မှ စတင်ထိုးနှံ ပေးလျက်ရှိရာ   ယ‌နေ့အထိထိုးနှံ ပေးလျက်ရှိပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူများ၊ အသက် ၄၅ နှစ် နှင့်အထက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  မထိုးနှံရသေးသူ များ၊  အစိုးရကျန်းမာရေးဝန်ထမ်း များ၊      ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊  စေတနာ့ ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်း များ၊   သံဃာတော်များ၊ သီလရှင် များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊   ယာဉ်မောင်းဆရာ များ၊    ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊    (ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော  လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ စားသောက် ဆိုင် လက်ဖက်ရည်ဆိုင်ရှိဝန်ထမ်း များ၊ ဈေးသည်များနှင့် မသန်စွမ်း များကို  ထိုးနှံပေးကြောင်း  သိရ သည်။  

 


သုံးခွမြို့နယ်တွင် ကိုဗစ်-၁‌၉ ရောဂါ   ကာကွယ်ဆေး  ပထမ အကြိမ်  ထိုးနှံပြီးသူ  ၉၃၂၄၃ ဦး၊ ဒုတိယအကြိမ်      ထိုးနှံပြီးသူ ၈၅၆၃၈ ဦးရှိပြီး    ၈၀  ဒသမ  ၇၅   ရာခိုင်နှုန်းရှိကြောင်း  သိရသည်။


စည်သူလင်း
(ပြန်/ဆက်)