သုံးခွမြို့နယ်၌ အောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ

 

သုံးခွ   ဩဂုတ်  ၂၅


ရန်ကုန်တိုင်း‌ဒေသကြီး     သုံးခွ မြို့နယ်     သိုက်တူးကန်ကျေးရွာ (ရဲနွဲ့တာအနီး) ဧရိယာ ၄   ဒသမ ၉၄ ဧကရှိ    ဘိုးဘွားရိပ်သာ အတွင်း     တည်‌ဆောက်ပြီးစီး ခဲ့‌သော အောက်ဆီဂျင်ထုတ်စက် ကို      စမ်းသပ်လည်ပတ်နေပြီ ဖြစ်ကာ အောက်ဆီဂျင်များ အခမဲ့ ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရ သည်။
လက်ရှိအချိန်တွင်   လျှပ်စစ်မီး သွယ်တန်းမှု    မပြီးသေးသဖြင့် အင်ဂျင်မီးစက်ဖြင့်   လုပ်ငန်းများ ဆောင်ရွက်နေပြီး  တစ်ရက်လျှင် နာရီ  ၂၀  စက်လည်ပတ်၍ လီတာ ‌၄၀ ဆံ့အိုး အလုံး ၁၀၀ ရရှိကြောင်း နှင့်   အဆိုပါ အောက်ဆီဂျင်အိုး များကို မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ လူနာများ၊   အောက်ဆီဂျင် အသုံးပြုရန်လိုအပ်သော    အခြား လူနာများအတွက်   သာမက     အခြားမြို့နယ်များရှိ    ပရဟိတ အသင်းများနှင့်    အောက်ဆီဂျင် အသုံးပြုရန်လိုအပ်သော   လူနာများ အတွက် ပါ      ဖြန့်ဝေပေးနေကြောင်း   သိရသည်။ 
အဆိုပါ‌  အောက်ဆီဂျင်ထုတ် စက်မှ   အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးရေးအတွက်  တာဝန်ခံ နှစ်ဦးထားရှိပြီး   ပရဟိတအဖွဲ့ ခြောက်ဖွဲ့က   အလှည့်ကျအစီ အစဉ်ဖြင့်   လုပ်ငန်းများ   ကူညီ ဆောင်ရွက်ပေးသည့်အပြင် စက်ရုံ တွင်းသန့်ရှင်းရေးနှင့်    ဆေးဖျန်း ခြင်းကိုပါ   ဆောင်ရွက်ပေးနေ ကြောင်း၊  အောက်ဆီဂျင်လိုအပ် သူများအနေဖြင့် ဖုန်း ၀၉-၇၉၉၃ ၆၉၉၀၄၊  ၀၉-၇၉၉၃၆၆၄၄၂ တို့သို့ ဆက်သွယ်အကူအညီတောင်းခံ နိုင်ကြောင်း တာဝန်ခံဦး‌ဇော်လွင်ဦး က ဩဂုတ်  ၂၅ ရက်တွင်  ပြော သည်။
တန်ဖိုးငွေကျပ်သိန်း   ၉၀၀ ကျော်ရှိ အဆိုပါအောက်ဆီဂျင် ထုတ်စက်ကို ဦးအုန်းဆိုင်မိသား စု(New Golden Gate 1991 ကုမ္ပဏီလီမိတက်)၊  ခေတ်သစ်ပွဲရုံ (ဘုရင့်နောင်)၊    ဦးကျော်ဝင်း (Bright Light Group ကုမ္ပဏီ လီမိတက်)နှင့်   ကြက်တံဆိပ် ပဲမျိုးစုံ    ရောင်းဝယ်‌ရေးမိသားစု (သုံးခွမြို့)တို့က    လှူဒါန်းခြင်းဖြစ် ပြီး   အောက်ဆီဂျင်ထုတ်စက်  ထားရှိရန် ငွေကျပ်သိန်း ၃၅၀ ခန့် တန်ဖိုးရှိ တစ်ထပ်တိုက်အဆောက် အအုံကို   ဦးဆာသရားမိသားစု   (ရတနာတောင်ကုမ္ပဏီလီမိတက်)က ဆောက်လုပ်လှူဒါန်းကြောင်း၊ စက်လည်ပတ်နိုင်ရန်    ငွေကျပ် သိန်း ၃၄၀   တန်ဖိုးရှိ   Power  Max  150  KVA  မီးစက်ကိုမူ ဦးအောင်သန်းမိသားစု   (သင်္ဃန်း ကျွန်းမြို့နယ်)က    လှူဒါန်းခဲ့ ကြောင်း သိရသည်။


ကိုကျော်(သုံးခွ)