သုံးခွမြို့နယ် ကံမြင့်စံပြကျေးရွာရှိ ခေမာဗုဒ္ဓတက္ကသိုလ်၌ ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၂


ရန်ကုန်တိုင်းဒေသကြီး     သုံးခွ မြို့နယ်      ကံမြင့်စံပြကျေးရွာရှိ ခေမာဗုဒ္ဓတက္ကသိုလ်      စာသင် ခန်းမ၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနား  ကျင်းပခဲ့ကြောင်း   သိရ သည်။

 


အခမ်းအနားတွင်  ပါမောက္ခ ချုပ် ဆရာတော် ဒေါက်တာ အရှင် ကစ္စာယနသာရက     အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာတော်‌ ဒေါက်တာ   အရှင်နန္ဒာစာရက ပညာရေးဆိုင်ရာများ၊    ဒုတိယ ပါမောက္ခချုပ်          ဆရာတော်‌ ဒေါက်တာ     အရှင်သူရိယက ပြည်တွင်းပြည်ပတက္ကသိုလ်ပညာ ရေးဆိုင်ရာ        အသိပညာများ မိန့်ကြားကာ ဆရာကြီးဒေါက်တာ ဒေါ်စန္ဒာ (မဟာသဒ္ဓမ္မဇောတိက ဓဇ)က တက္ကသိုလ်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်   သာသနာပြု လုပ်ငန်းများ‌ လျှောက်ထားသည်။ ထို့နောက် ကံမြင့်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းဝင်းက သာသနာ ရေးဆိုင်ရာများ လျှောက်ထားပြီး ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

 


ဆက်လက်၍ မော်ကွန်းထိန်း ဆရာတော်     ဒေါက်တာအရှင် ကေဝလက  တက္ကသိုလ်ဖွဲ့စည်းပုံ ဆိုင်ရာများ        မိန့်ကြားကာ လက်ထောက်  မော်ကွန်းထိန်း ဆရာတော်ကထိက    ဒေါက်တာ အရှင်ဝိစိတ္တက      တက္ကသိုလ်မှ ထုတ်ပြန်ထားသော   လိုက်နာရ မည့် စည်းကမ်းချက်များ မိန့်ကြား သည်။ ကျောင်းသားသစ်ကြိုဆို ပွဲသို့    သံဃာတော်   ၈၅   ပါး၊  သီလရှင်ဆရာလေးအပါး    ၂ဝ တက်ရာက်ခဲ့ပြီး B.A( Buddhist Studies)   အတွက်    ပထမနှစ် သင်တန်းကို ဒီဇင်ဘာ   ၂၆ ရက် မွန်းတည့်   ၁၂  နာရီမှ   စတင် သင်ကြားပို့ချမည်ဟု         သိရ သည်။


ကိုကျော်(သုံးခွ)