သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

 

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန် ၍   ကျန်းမာရေးအတွက်  ဘေး အန္တရာယ်ကင်းရှင်းသော   အလှ ကုန်ပစ္စည်းများကို အများပြည်သူ တို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲ လျက်ရှိပါသည်။

 

၂။ အစားအသောက်နှင့်   ဆေးဝါး ကွပ်ကဲရေး        ဦးစီးဌာနသည် ပြည်တွင်း၌  ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို    စစ်ဆေး ခဲ့ရာ  အောက်ဖော်ပြပါအလှကုန် ပစ္စည်း  ခုနစ်မျိုးသည်   အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌   မှတ်တမ်းတင်ထား ခြင်း မရှိသည့်အပြင် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင် သော  တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း   စစ်ဆေးတွေ့ရှိရ သဖြင့်   အများပြည်သူသုံးစွဲရန် မသင့်ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။

 

၃။  တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊  ရောင်ရမ်း ခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့်  ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်  အခြားရောဂါ များ ဖြစ်ပွားနိုင်ပါသည်။ 

 

၄။  အလှကုန်ပစ္စည်း    တင်သွင်းဖြန့်ဖြူး ရောင်းချသည့်   ကုမ္ပဏီနှင့်   လက်လီ လက်ကားဆိုင်များသည် အစားအသောက် နှင့်   ဆေးဝါးကွပ်ကဲရေး   ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများ ပြည်သူသုံးစွဲရန်မသင့်ကြောင်း  ကြေညာ ထားသည့်အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို   ကျင့်ဝတ် (Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက   သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက       ပြည်သူ့ ကျန်းမာရေးဆိုင်ရာ  ဥပဒေပုဒ်မ ၃၊  အပိုဒ် (၃)    (ဃ)  အရ   အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း    အသိပေးအပ်ပါ သည်။


ကျန်းမာရေးဝန်ကြီးဌာန