Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၇


နေ၊    ဂြိုဟ်တုနှင့်     TVRO(စလောင်း)တို့ တစ်တန်းတည်း    ကျရောက်ချိန်တွင်   Sun Outage ဖြစ်ပေါ်ပြီး ယင်းတို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ    ပေးပို့ထုတ်လွှင့်နေသာ   အရုပ်/အသံအချက်အလက်များ        ခေတ္တယာယီ ပြတ်တောက်မှုများ  ဖြစ်ပေါ်လေ့ရှိကြောင်း၊  Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် တစ်ကြိမ်၊  စက်တင်ဘာလကုန် နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း၊    ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့်ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း)  အရွယ်အစားနှင့်   တည်နေရာ တို့အပေါ်မူတည်၍ Sun Outage ဖြစ်သော အချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်း၊ Sun Outage ဖြစ်စဉ် ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ   ထုတ်လွှင့် နေသာ TV Channel များနှင့် ရေဒီယိုအစီအစဉ် များသည် ၂၈-၂-၂၀၂၄ ရက်နေ့မှ ၅-၃-၂၀၂၄ ရက်နေ့အထိ  နေ့စဉ် (၁)မိနစ်မှ (၁၈)မိနစ် ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင် ကြောင်း သိရသည်။                  

သတင်းစဉ်