
နေပြည်တော် ဖေဖော်ဝါရီ ၁၁
နေ၊ ဂြိုဟ်တုနှင့်TVRO (စလောင်း)တို့ တစ်တန်းတည်း ကျရောက် ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တု မှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လ တွင် တစ်ကြိမ်၊ စက်တင်ဘာလကုန် နှင့် အောက်တိုဘာလဆန်းတွင် တစ်ကြိမ် ကြုံတွေ့ရလေ့ရှိ ကြောင်း၊ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့ အပေါ် မူတည် ၍ Sun Outage ဖြစ်သောအချိန်နှင့် Singal ပြတ်တောက်မှု ကြာချိန်တို့ ကွာခြားမှုရှိကြောင်း၊ Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များ သည် ၅-၃-၂၀၂၂ ရက်နေ့မှ ၁၆-၃-၂၀၂၂ ရက် နေ့အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင် ကြောင်း သိရသည်၊၊
သတင်းစဉ်