သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မေ  ၂၉


မြန်မာနိုင်ငံကော်ဖီအသင်းက ဦးဆောင်ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေးအကဲဖြတ် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်           ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့ကော်ဖီဈေးကွက်၌ အမည် ကောင်းရရှိထားသည့် မြန်မာ့ကော်ဖီကို အရေးပါသည့် တန်ဖိုးမြင့်  သီးနှံတစ်ခုအဖြစ် နိုင်ငံတော်က အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊   သက်ဆိုင်ရာဝန်ကြီး ဌာနများ၊  တိုင်းဒေသကြီး၊  ပြည်နယ်ဝန်ကြီးချုပ်များ နှင့် မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီလုပ်ငန်းရှင် များ၊  ကုန်ချောပြုပြင်ထုတ်လုပ်သူများ၊    ကော်ဖီ ဖြန့်ဖြူးရောင်းချသူများ ပါဝင်သောအဖွဲ့ဖြင့် ကော်ဖီ သီးနှံထုတ်လုပ်မှုနှင့် ဈေးကွက်ရရှိမှု တိုးတက်ရေး ကြိုးပမ်းရာတွင် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့ ရောင်းချမှုစသည့် လုပ်ငန်းဆောင်ရွက်မှုများ အားကောင်းလာစေရန်  ကြိုးပမ်းလျက်ရှိကြောင်း၊ ကော်ဖီတောင်သူများ၊    ကော်ဖီလုပ်ငန်းရှင်များ အနေဖြင့်လည်း  သဘာဝပတ်ဝန်းကျင်ကို  အကျိုးပြု သော   ထောက်ခံချက်အပြည့်အဝရရှိပြီး   အရည် အသွေးမြင့်  မြန်မာ့ကော်ဖီအဖြစ် ကမ္ဘာ့နိုင်ငံများတွင် ထုတ်ဖော်ပြသနိုင်ရေးနှင့်  ဈေးကွက်က  လိုလား တောင့်တသည့်  ကော်ဖီမျိုးဖြစ်အောင်  အလေးထား စိုက်ပျိုးထုတ်လုပ်ကြစေလိုကြောင်း     ပြောကြား သည်။

 


ဆက်လက်၍ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးမျိုးအေးက    ကော်ဖီအရည်အသွေး    အကဲဖြတ် ပြိုင်ပွဲဆုချီးမြှင့်ပွဲ          ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ထို့နောက်        ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင် ထွဋ်ဦး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊  မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးမျိုးအေးနှင့်   ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ ရဲတင့်ထွန်းတို့က    အခြောက်စနစ်ဖြင့်     ကော်ဖီ  ထုတ်လုပ်မှု   ထူးချွန်ဆုရရှိသူများ၊   အစိုစနစ်ဖြင့် ကော်ဖီထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများ၊ အခြားနည်း ဖြင့်   ကော်ဖီထုတ်လုပ်မှု   ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ   ချီးမြှင့်ပေးအပ်ခဲ့ကြပြီး   ဆုရရှိသူ တစ်ဦးက  ကျေးဇူးတင်စကား  ပြန်လည်ပြောကြား သည်။

 


ယခုပြိုင်ပွဲတွင် လုပ်ငန်းရှင်၂၆ ဦးတို့က စုစုပေါင်း ကော်ဖီ ၄၉ မျိုးကို တင်ပြယှဉ်ပြိုင်ကြပြီး  လိုင်စင်ရ ပြည်ပပညာရှင် နှစ်ဦး၊ လိုင်စင်ရ ပြည်တွင်း ပညာရှင် သုံးဦးတို့က  ပြိုင်ပွဲဝင်များ  တင်ပြလာသည့် ကော်ဖီ များ၏ အရည်အသွေး၊ အနံ့အရသာကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ  မြည်းစမ်းစိစစ်ရွေးချယ်ကြခြင်း ဖြစ်ကြောင်း၊   အထူးတန်းဝင်ကော်ဖီများအတွက် ထုတ်လုပ်မှု အမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို   ပင်လောင်း၊  ရွာငံ၊   ဟိုပုန်း၊ ပြင်ဦးလွင်နှင့်  နောင်ချိုဒေသများမှ ကော်ဖီလုပ်ငန်း ရှင်များက ရရှိခဲ့ကြောင်း သိရသည်။

 


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည်  ပြင်ဦးလွင် ကော်ဖီဥယျာဉ် သို့ သွားရောက်ကြပြီး ကော်ဖီသတင်းအချက်အလက် ဝန်ဆောင်မှုဌာနတွင်   ခင်းကျင်းပြသထားသည့် မြန်မာ့ကော်ဖီသမိုင်းနှင့်  မြန်မာနိုင်ငံတွင်   ဒေသ အလိုက်  စိုက်ပျိုးနိုင်သော  ကော်ဖီမျိုးများဆိုင်ရာ မှတ်တမ်းအချက်အလက်များကို     လည်းကောင်း၊ ကော်ဖီဆိုင်ရာ    အသိပညာပေးစင်တာရှိ   ကော်ဖီ အကြောင်း  သိကောင်းစရာခင်းကျင်း  ပြသထားရှိမှု များ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များကိုလည်း ကောင်း၊  မြန်မာနိုင်ငံ  ကော်ဖီအသင်းဝင်   ကော်ဖီ လုပ်ငန်းရှင်များ    ခင်းကျင်းရောင်းချလျက်ရှိသည့် ကော်ဖီဆိုင်ငယ်များ၊   အရိပ်ရပင်များ    သဘာဝ စမ်းချောင်းများဖြင့် စိုက်ပျိုးထားသော မျိုးကွဲအုပ်စု အလိုက်  ကော်ဖီစိုက်ခင်းများကို  လည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်    ဒီဇင်ဘာ   နို့စားနွား    မွေးမြူရေးခြံနှင့်  နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။                          

သတင်းစဉ်