
ပေါင်းတည်မြို့၌ တပ်မတော်မှ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ညောင်လေးပင်မြို့
ရေဖြူကန်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိကြောင်း
သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည် မြို့ သစ်ပုတ်ကျေးရွာအုပ်စု တောင်ခမောက်ကျေးရွာရှိ နေအိမ် များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည့် အတွက် နေအိမ်အလုံး ၂၀ မီးလောင် ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိ ရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ ပေါင်းတည်မြို့ သစ်ပုတ် ကျေးရွာအုပ်စု တောင်ခမောက် ကျေးရွာအနီးဝန်းကျင်တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံ ရေး တာဝန်ထမ်းဆောင်မှု မရှိခဲ့ ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများမှ ကျေးရွာ ရှိ နေအိမ်များအား မီးရှို့ထွက်ပြေး သွားခဲ့ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ မှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရ သည်။
အလားတူ ပဲခူးတိုင်းဒေသ ကြီး ညောင်လေးပင်မြို့ ရေဖြူကန် ကျေးရွာသို့ တပ်မတော်မှ ပစ်ခတ် သည့် လက်နက်ကြီးကျည်သည် နာရေးပြုလုပ်နေသည့် နေအိမ်ပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံပြည်သူ ရှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာဖြစ်သည့် Khit Thit Media ကသတင်းတု၊ သတင်းမှား များကို လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီ ခွဲခန့်က လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့များမှ ရေဖြူကန်ကျေးရွာအတွင်း Drone များအသုံးပြု၍ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်နက်ကိုင်သောင်းကျန်း သူများနှင့် PDF အမည်ခံအကြမ်း ဖက်သမားများအနေဖြင့် ကျေးရွာ နေပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား အကြောက်တရားဖြင့် ခြိမ်းခြောက် ငွေတောင်းခံခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှ တစ်ဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်