သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

စစ်မှုထမ်းဆောင်ရန်အတွက် ရွှေဘို - မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကိုစစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးနေကြောင်းနှင့် မုံရွာမြို့ပေါ် ရပ်ကွက်များ၊ စက်ရုံအချို့တွင် စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း 
သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၇
ရွှေဘို - မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက    စစ်မှု ထမ်းဆောင်ရန်အတွက် လူငယ် များကို   စစ်ဆေးမှုများ   ပြုလုပ် ဖမ်းဆီးနေကြောင်း မဟုတ်မမှန် သတင်းများကို        တရားမဝင် ပြည်ဖျက်မီဒီယာ   Khit Thit  က လုပ်ကြံဝါဒဖြန့် ရေးသားလျက်ရှိ ကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ       လုံခြုံရေး တပ်ဖွဲ့ဝင်များက     နယ်မြေဒေသ များ    တည်ငြိမ်အေးချမ်းစေရေး နှင့်   ပြည်သူများ   အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက်     အကြမ်း ဖက်သမားများ   ပြည်သူများနှင့် ရောနှော၍       အကြမ်းဖက်လုပ်ငန်း များ      လုပ်ဆောင်မှုမရှိစေရန်    လိုအပ်သော       လုံခြုံရေးစစ်ဆေး မှု        ဆောင်ရွက်ခြင်းသာဖြစ် ကြောင်း   သက်ဆိုင်ရာ     နယ်မြေ အုပ်ချုပ်မှုဆိုင်ရာ       တာဝန်ရှိသူ တစ်ဦး၏      ပြောကြားချက်အရ သိရှိရသည်။
အလားတူ      မုံရွာမြို့ပေါ် ရပ်ကွက်များနှင့် စက်ရုံအချို့တွင် စစ်မှုထမ်းဆောင်ရန်    လူစာရင်း များ   ကောက်ခံလျက်ရှိကြောင်း ကောလာဟလ         သတင်းတု များ  ဝါဒဖြန့်ရေးသားလျက်ရှိပြီး သန်းခေါင်စာရင်းဆိုင်ရာ   အချက် အလက်ကောက်ခံမှုများကို တာဝန် ရှိ    သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များသည် သက်ဆိုင်ရာ တာဝန်ရှိ သူများ၏       လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများနှင့်      သန်းခေါင် စာရင်းဆိုင်ရာ       အချက်အလက် ကောက်ခံမှုလုပ်ငန်းများ ဆောင် ရွက်နေမှုများအပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်၊ စိုးရိမ် ထိတ်လန့်မှုများ    ဖြစ်ပေါ်စေရန်  တိုင်းပြည်၏   အနာဂတ်လူငယ်၊ လူရွယ်များ လမ်းမှားရောက်စေရန် ရည်ရွယ်၍       ကောလာဟလ သတင်းတု၊     သတင်းမှားများကို ဖြန့်ဝေလျက်ရှိသဖြင့်  မိဘပြည်သူ များနှင့် လူငယ်လူရွယ်များအနေ ဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက် ၍  နိုင်ငံပိုင်မီဒီယာများတွင် သတင်း များ၊ ထုတ်ပြန်ချက်များ၊ အသိပေး ချက်များကို ရှင်းလင်းလွယ်ကူစွာ သိရှိနားလည်စေရန်      ထုတ်ပြန် ကြေငြာပေးလျက်     ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်