သတင်းထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်မြားလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန် စွာရှုတ်ချပါသည်။ မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချလျက်ရှိပါသည်။

အကြမ်းဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက် ရှိပါသည်။  မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သော မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းဖော်ပြအပ်ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်