
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) အဖွဲ့ဝင် နိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်၏ အကြိုလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် မိမိတို့နိုင်ငံ၏ အခြေအနေနှင့်သင့်လျော်မည့် အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ် (Intended Nationally Determined Contribution - INDC) ကို ဆက်စပ်ဝန်ကြီးဌာန/ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၏ အကြံပြုချက်များကိုရယူ၍ ကုလသမဂ္ဂပတ်ဝန်းကျင် (UN-Environ-ment) နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာအကူအညီဖြင့် ရေးဆွဲပြုစုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ၂၈-၉-၂၀၁၅ ရက်နေ့တွင် UNFCCC အတွင်းရေးမှူးရုံးသို့ တင်ပြခဲ့ပါသည်။
UNFCCC ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၁) ကြိမ်မြောက် ညီလာခံ၏ ဆုံးဖြတ်ချက်များအရ ၂၀၁၅ ခုနှစ်တွင် တင်ပြခဲ့သော Myanmar INDC ကို အခြေခံ၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများဖြင့် ဆက်စပ်ဝန်ကြီးဌာန ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များ၊ INGOs/ NGOs/ CSOs များ၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုများဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး ရည်မှန်းချက်များချမှတ်၍ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contribution - NDC) အပြီးသတ်မူကြမ်းကို ရေးဆွဲပြုစုခဲ့ပါသည်။ အပြီးသတ် မူကြမ်းအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြု ချက်ဖြင့် UNFCCC သို့ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အထက်ပါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြုစုဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ် (Nationally Determined Contribution - NDC) အစီရင်ခံစာ (အပြီးသတ် အစီရင်ခံစာမဟုတ်သည့် မူကြမ်းအဆင့်) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အမျိုးသားညီညွတ် ရေးအစိုးရ (National Unity Government - NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change - UNFCCC) သို့ ၁၂-၇-၂၀၂၁ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) ၏ အင်တာနက်စာမျက်နှာနှင့် Facebook စာမျက်နှာတို့၌ ဖော်ပြထားကြောင်း လေ့လာတွေ့ရှိ ရပါသည်။
သို့ပါ၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government - NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဆောင်ရွက်ချက်သည် တရားဝင်ခြင်းမရှိပါကြောင်းနှင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change - UNFCCC) သို့ တရားဝင်ကန့်ကွက်စာ ပေးပို့ထားပြီးဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်