
နေပြည်တော် ဧပြီ ၁
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော သတင်းပြန်ကြားရေးကောင်တာဝန်ထမ်းများ၏ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနား သို့ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများပါဝင်တက်ရောက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲများမှ တာဝန်ခံများ၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ က အွန်လိုင်းမှ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက သတင်းပြန်ကြားရေး ကောင်တာများသည် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ အတွက် လိုအပ်သော ဝန်ဆောင် မှုနှင့် သတင်းအချက်အလက်များ ပေးစွမ်းနိုင်သည့်အပြင် မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာန၏ အသက်သွေးကြောတစ်ခု လည်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ အနေဖြင့် ခရီးစဉ်ဒေသ အကြောင်းနှင့် ၎င်းတို့ သိရှိလိုသည်များအား သတင်းပြန်ကြားရေးကောင်တာ များသို့သွားရောက်၍ စုံစမ်း မေးမြန်းလေ့ရှိရာ ကောင်တာရှိ ဝန်ထမ်းများအနေဖြင့် သတင်း အချက်အလက်များအား ပြီးပြည့် စုံစွာဖြေကြားနိုင်ရန်နှင့် ဝန်ဆောင် မှုကောင်းများ ပေးစွမ်းနိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာနက သတင်းပြန်ကြား ရေးကောင်တာများတွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်း များ၏ စွမ်းဆောင်ရည်တိုးတက် ရေးအတွက် လုပ်ငန်းစွမ်းဆောင် ရည်သင်တန်းများအား ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ သတင်းပြန်ကြားရေးကောင်တာ များတွင် ခရီးသွားဧည့်သည်များ အတွက် သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ အွန်လိုင်းမှ ရှာဖွေနိုင်စေရန် ဝက်ဘ်ဆိုဒ် (website)၊ ဒစ်ဂျစ် တယ်ဆိုင်းနိစ်ပ့် (Digital Sig-nage)၊ အော့ဖ်လိုင်းအနေဖြင့် လက်ကမ်းစာစောင်များ၊ ခရီးသွား မြှင့်တင်ရေး ကြော်ငြာစာစောင် များ၊ မြေပုံများနှင့် အခြားဆက်စပ် ပစ္စည်းများကို ခရီးသွားဧည့်သည် များ ရယူသုံးစွဲနိုင်ရေးအတွက် လုံလောက်စွာ ထားရှိကြရန် လိုအပ်ပါကြောင်း၊ သင်တန်း ဖွင့်လှစ် သင်ကြားပေးရာတွင် သင်တန်းသား သင်တန်းသူများ အမှန်တစ်ကယ် သင်ယူတတ်မြောက်နိုင်ရေးအတွက် သင်တန်းနည်းပြ များအနေဖြင့်လည်း ကြိုးစားသင်ကြား လေ့ကျင့်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း က သတင်းပြန်ကြားရေးကောင်တာများ၏ အရေးပါမှု၊ ကောင်တာ များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည် အရေးကြီးမှုနှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုတင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးသွား ဧည့်သည်များအတွက် ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေး ကောင်တာ ၃၅ ခုတို့ တွင် တာဝန်ထမ်းဆောင်မည့် သင်တန်းသား သင်တန်းသူ ၈၂ ဦးကို အင်္ဂလိပ်ဘာသာစကား၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အထွေထွေဗဟုသုတများ၊ သတင်းအချက်အလက်နှင့် နည်းပညာအသုံး ပြုမှု ဘာသာရပ်များကို အွန်လိုင်းမှတစ်ဆင့် ရက်သတ္တပတ်နှစ်ပတ် ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်