
နေပြည်တော် မတ် ၆
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသ ကြီး၊ ပြည်နယ်များတွင် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့များကို ဖွဲ့စည်း ၍လည်းကောင်း၊ အကောက် ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာ အဖွဲ့များ ဖွဲ့စည်း၍လည်း ကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ် များ၊ နယ်စပ်ကုန်သွယ်ရေးရုံး နှင့် စခန်းများ၊ အမြဲတမ်း စစ်ဆေးရေး စခန်းများ၊
ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ် များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများ တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက် ရှိရာ သတင်းအချက်အလက်ရရှိ မှုသည် အလွန်အရေးပါလျက်ရှိ ကြောင်း သိရသည်။
တာဝန်သိ ပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများ ကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းရရှိမှု အကြိမ် ၁၀၀ ရရှိခဲ့ ပြီး သတင်းမှားရှစ်ကြိမ်၊နောက်ကျ သတင်း ငါးကြိမ်နှင့် ဖမ်းဆီးရမိမှု ၈၇ ကြိမ်ဖြစ်သည်။ ဖမ်းဆီးရမိမှု အမှုတွဲ ၁၉၈ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းများ ဖြစ်သော ကုန်ပစ္စည်း ၃၀၅ မျိုး အပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၃၉ ဒသမ ၄၂၈ သန်းနှင့် တရားမဝင်ကုန်စည်များ တင် ဆောင်လာသည့် မော်တော်ယာဉ် များ ဖမ်းဆီးရမိခဲ့သည်။
သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများသို့ ဖမ်းဆီး ရမိမှုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ကို သတင်းပေး ဆုကြေးငွေ အဖြစ် ချီးမြှင့်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးလျက် ရှိသည်။
တရားမဝင် ကုန်သွယ်မှုများ ကြောင့် နိုင်ငံအတွက် ရရှိမည့် အခွန်အခများ ဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊ နိုင်ငံတော်ဘဏ် စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေး စျေးနှုန်း မတည်ငြိမ်မှု ဖြစ်ပေါ်နိုင် ခြင်း၊ တရားမဝင် တင်သွင်းလာ သည့် ကုန်စည်များကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ စျေးကွက်ယှဉ်ပြိုင်မှု ကျဆင်းလာ နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင်တင်သွင်း လာသည့် ဆေးနှင့် ဆေးပစ္စည်း များ၊ စားသောက်ကုန်နှင့် အလှ ကုန်ပစ္စည်းများတွင် အတုအပ များ၊ သက်တမ်းလွန်ကုန်စည်များ ကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်း စသည့် ဆိုးကျိုးများအပြင် နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ကို ထိခိုက်ကျဆင်းစေနိုင်သော ကြောင့် တရားမဝင်ကုန်သွယ်မှု များတိုက်ဖျက်ရာတွင် “အမျိုးသား ရေးတာဝန်” တစ်ရပ်ကဲ့သို့ သတ်မှတ်ပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က တိုက်တွန်းထားသည်။
ထို့ကြောင့် တာဝန်သိပြည်သူ များအနေဖြင့် တရားမဝင်ကုန်သွယ် မှု သတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တို တယ်လီဖုန်းနံပါတ်- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
သတင်းစဉ်