သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဧပြီ   ၅ 


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့်    နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်  တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်း ကောင်း၊ အကောက်ခွန်ဦးစီးဌာနက   ဦးဆောင်သည့်   One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊
နယ်စပ်   ဝင်/ထွက်ဂိတ်များ၊   နယ်စပ် ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်း စစ်ဆေးရေးစခန်းများ၊     ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့်   ကုန် ပစ္စည်းသိုလှောင်ရုံများ၊   အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများနှင့်  လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများ ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်     ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း   သိရ သည်။
တာဝန်သိပြည်သူများ၏ သတင်း ပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် မတ်လအတွင်း သတင်းရရှိမှု  ၉၂ ကြိမ် ရရှိခဲ့ပြီး     သတင်းမှား  ခြောက်ကြိမ်၊ နောက်ကျသတင်း  နှစ်ကြိမ်နှင့်  ဖမ်းဆီး ရမိမှု  ၈၄  ကြိမ်ဖြစ်သည်။ ဖမ်းဆီးရမိမှု အမှုတွဲ ၁၄၃ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီး ရမိမှုများတွင်   သစ်မျိုးစုံ၊   လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြစ်သော ကုန်ပစ္စည်း  (၆၁)မျိုးအပါအဝင် ခန့်မှန်း တန်ဖိုးငွေကျပ် (၂၆၉၉ ဒသမ ၃၈၃)သန်းနှင့်    တရားမဝင်   ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
သတင်းပေးတိုင်ကြားခဲ့သည့် တာဝန် သိပြည်သူများကိုလည်း   ဖမ်းဆီးရမိမှု တန်ဖိုး ငွေကျပ် (၂၆၉၉ ဒသမ ၃၈၃)သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၅၃၉ ဒသမ ၈၇၆) သန်းကို သတင်းပေး ဆုကြေးငွေအဖြစ်    ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ဆုကြေးများနှင့်ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ   မြန်မြန် ဆန်ဆန် ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍လည်း      လစဉ်သတင်း ထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့်   တာဝန်သိပြည်သူများ အနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်း များနှင့်ပတ်သက်၍    လက်ကိုင်ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့   တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။              

သတင်းစဉ်