သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဝန်ထမ်းများ စားရေးအဆင်ပြေစေရန် ဟင်းသီးဟင်းရွက်ဆီများ ထောက်ပံ့

 

နေပြည်တော်   အောက်တိုဘာ  ၁၂ 


ပြန်ကြားရေးဝန်ကြီးဌာန   သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း    ရုံးချုပ်၊    မြန်မာ့ အလင်းနှင့်     ကြေးမုံသတင်းစာတိုက် (နေပြည်တော်) ရှိ ဝန်ထမ်းများ စားရေး အဆင်ပြေစေရန် ဟင်းသီးဟင်းရွက်ဆီ များ   ထောက်ပံ့ပေးအပ်ပွဲကို   အောက်တို ဘာ ၁၂  ရက်က နေပြည်တော်    ဇေယျာ သီရိမြို့နယ် ခရေပင်လမ်းခွဲရှိ     နေပြည် တော် သတင်းစာတိုက်၌  ပြုလုပ်သည်။ 


အဆိုပါ      ထောက်ပံ့ပေးအပ်ပွဲတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရုံးချုပ် နှင့်     နေပြည်တော်ရှိ     မြန်မာ့အလင်း သတင်းစာတိုက်၊        ကြေးမုံသတင်း စာတိုက်နှင့် နေပြည်တော်သတင်းစာ တိုက်တို့မှ ဝန်ထမ်း ၂၂၉ ဦးကို တစ်ဦး လျှင် ဟင်းသီးဟင်းရွက်ဆီ တစ်ဘူး (၅၀ ကျပ်သား) နှုန်းဖြင့် ပိဿာချိန် ၁၂၀  ခန့် ထောက်ပံ့ပေးအပ်သည်။


သတင်းနှင့်   စာနယ်ဇင်းလုပ်ငန်း အနေဖြင့် ဌာနရှိဝန်ထမ်းများ စားရေး အဆင်ပြေစေရန်     ထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ကလည်း  ကြက်ဥ အလုံးရေ  ၂၅၀၀ ခန့်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဟိန်းထက်ဇော် (မြန်မာ့အလင်း)
ဓာတ်ပုံ - ဖြိုးကျော်လင်း