သတင်းနှင့် သတင်းဆောင်းပါးပြိုင်ပွဲ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကျင်းပမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၃


ယနေ့ကာလတွင်  သတင်းတု သတင်းအမှားများ ကြောင့် မလိုလားအပ်သောဖြစ်စဉ်များပေါ်ပေါက်လျက်ရှိသဖြင့်   အဆိုပါသတင်းတု   သတင်းအမှား များကို ချေဖျက်ရန် လိုအပ်သကဲ့သို့ သတင်းအမှန်များ ကိုသာ ‌‌ရေးသားဖြန့်ချိသူများကိုလည်း ချီးမြှင့်ဂုဏ်ပြု ထိုက်သည်ဟု ယူဆပါသဖြင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတင်း/သတင်းဆောင်းပါး ဆု ပြိုင်ပွဲတစ်ရပ်  ကျင်းပကာ ဆုများချီးမြှင့်သွားမည် ဖြစ်သည်၊၊

 


ပြိုင်ပွဲဝင်လိုသော   သတင်းမီဒီယာသမားများ သည် ပုဂ္ဂလိက  သတင်းစာ/ဂျာနယ်/စာစောင်များနှင့် အွန်လိုင်းမီဒီယာကဏ္ဍများတွင်    ၂၀၂၁      ခုနှစ် ဖေဖော်ဝါရီ   ၁   ရက်မှ   ၂၀၂၂   ခုနှစ်   ဇန်နဝါရီ   ၃၁ ရက်အတွင်း   ရေး‌သားဖော်ပြထားသော သတင်း/ သတင်းဆောင်းပါး (သို့မဟုတ်) သတင်းနှင့် ဆောင်းပါး ပူးတွဲပုဒ်‌‌ရေ    ခုနစ်ပုဒ်ထက်မနည်းကို   ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၏    Email   လိပ်စာ (mmpress-council@gmail.com) သို့လည်းကောင်း၊  စာတိုက် မှတစ်ဆင့်    သတင်းမီဒီယာကောင်စီရုံး   လိပ်စာ (အမှတ် ၃၉၂-၃၉၆၊ ကုန်သည်လမ်း၊ (၉) ရပ်ကွက်၊   ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်)  သို့ လည်းကောင်း မိမိ၏  ကိုယ်‌ရေးမှတ်တမ်း/ လိပ်စာ အပြည့်အစုံ‌‌ ရေးသားဖော်ပြ၍  ပေးပို့နိုင်ပါကြောင်းနှင့်  ချီးမြှင့် မည့်ဆုငွေများမှာ   ပထမဆု   ငွေကျပ်   ၁၂    သိန်း၊ ဒုတိယဆု ငွေကျပ်ကိုးသိန်း၊ တတိယဆု ငွေကျပ် ခြောက်သိန်း၊    အထူးဆုတစ်ဆုလျှင်      ငွေကျပ် သုံးသိန်းဖြင့် အထူးဆု သုံးဆုတို့ ချီးမြှင့်မည်ဖြစ်သည်၊၊

 


အဆိုပါ  ပြိုင်ပွဲသည် သတင်းဌာနများအနေနှင့် မဟုတ်ဘဲ  သတင်းမီဒီယာသမားများ အနေနှင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်