သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း၊ သက်ကြီးပူဇော်ပွဲအတွက် အလှူငွေပေးအပ်

 

ရန်ကုန်  ဒီဇင်ဘာ  ၇


သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း၊ ဆရာသမားများ နှင့်အသက် (၈၀)နှင့်အထက် အသင်းဝင်ဝန်ထမ်းဟောင်းများ သက်ကြီး ပူဇော်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ကျင်းပ ရန်စီစဉ်ထားရှိပြီး   သက်ကြီးပူဇော်ပွဲအတွက်    အလှူငွေများလည်း ပေးအပ်လျက်ရှိရာ ကိုဇော်သူရဝင်း-မခိုင်ဇာသွယ်က မင်္ဂလာဦးအလှူငွေ ကျပ်တစ်သိန်း၊  ဦးအောင်နိုင်ဦး-ဒေါ်ခင်ရတနာ၊   ဦးသန်းလင်းဦး-ဒေါ်သက်နီမြင့်၊ ဦးဟိန်းထက်အောင်-ဒေါ်မိုးမိုးအောင်၊ ဦးမိုးယုဝင်းတို့ က အလှူငွေကျပ် ငါးသောင်းစီ၊ ဒေါ်ခင်စိန်ရီ၊ ဒေါ်အေးအေးမြင့်၊ ဒေါ်စန္ဒာ သန်းတို့က အလှူငွေကျပ် သုံးသောင်းစီ၊ ဦးခင်မောင်မြင့်(ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းသတင်းစာအဖွဲ့)၊ ဒေါ်ညွန့်ရွှေတို့က အလှူငွေကျပ် နှစ်သောင်းစီ နှင့် ဦးနိုင်ထွန်း-ဒေါ်မိမိငယ်၊ ဒေါ်စောသီတာဦး၊ ဒေါ်စန်းထိုက်ဝင်း၊ ဒေါ်ညိုညိုမြင့်တို့က အလှူငွေကျပ် တစ်သောင်းစီ စုစုပေါင်းအလှူငွေ ကျပ် လေးသိန်းခုနစ်သောင်းကို ဒီဇင်ဘာ  ၆ ရက်က   အသင်းရုံးခန်း၌ လှူဒါန်းပေးအပ်ရာ  အသင်းဥက္ကဋ္ဌ  ဦးမြင့်ဆွေနှင့်အမှုဆောင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။    

             

အေးသန်း(စိန်တုံးကြီး)