
ရန်ကုန် ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီက ကြီးကြပ်စီစဉ်မှုဖြင့် သတင်း မီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၄) ကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ် ၃၉၂ - ၃၉၆ ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သင်တန်းခန်းမတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ငါးရက်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
သတင်းမီဒီယာအတွေ့အကြုံသက်တမ်းသုံးနှစ်ရှိသူများ သင်တန်း တက်ရောက်နိုင်သဖြင့် သင်တန်းတက်ရောက်လိုသူများသည် ဇန်နဝါရီ ၂၇ ရက် နောက်ဆုံးထား၍ သတင်းမီဒီယာကျင့်ဝတ်ကော်မတီ Viber ဖုန်း(၀၉-၈၈၇၃၀၅၀၄၀)သို့ ကိုယ်ရေးရာဇဝင်မှတ်တမ်း၊ သက်ဆိုင်ရာ သတင်းဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့်အတူ လျှောက်ထား နိုင်သည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အချိန်မီလျှောက်ထား သူကိုသာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်သွား မည်ဖြစ်ကြောင်း သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးကော်မတီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံမှ သိရ သည်။
မျိုးမင်းသူရ