သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လိုက်နာရမည့် ကျင့်ဝတ်

Type

 

မောင်ကမ္ဘာ

လူထုဆက်သွယ်ရေးနည်းလမ်း(မီဒီယာ) များကို ခြုံငုံ၍ ပညာရပ်အဖြစ်ခေါ်ဝေါ်သော အသုံးအနှုန်းမှာ သတင်းစာပညာ(Journalism) ဟူ၍ဖြစ်သည်။


လတ်တလောဖြစ်ရပ်များကို   လူထုထံ အချိန်မီသတင်းပို့သော  အလုပ်အားလုံးသည် သတင်းစာပညာဖြစ်သည်။ Journalism ဟူသော စကားရပ်သည် လူထုဆက်သွယ်ရေးနည်းလမ်းအားလုံးကို  ကိုယ်စားပြုပါသည်။   လူထုဆက်သွယ်ရေးလုပ်ငန်းများသည်    တာဝန်ကြီးလေးသည်နှင့်အမျှ ဩဇာလည်း ထက်မြက်သည်။  ထို့ကြောင့်  လူထုဆက်သွယ်ရေးလုပ်ငန်း  တာဝန်များထမ်းဆောင်ရာတွင် မလျော်ဩဇာသုံး၍ လိုရာဆွဲအသုံးမပြုနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာသတင်းစာအဖွဲ့ချုပ် (International Press Institute) တို့က နိုင်ငံတကာသတင်းစာဆရာများ ကျင့်သုံးလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ စံနှုန်းများကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့သည်။
 

အဆိုပါနိုင်ငံကျင့်ဝတ်စည်းကမ်းကို      သတင်း လုပ်ငန်းနှင့်တကွ နိုင်ငံနှင့်နိုင်ငံတကာ စာနယ်ဇင်း အသက်မွေးဝမ်းကျောင်းအသင်းများ၏ ဝေဖန်ချက် များ၊    အကြံပြုတင်ပြချက်များဖြင့်     ကုလသမဂ္ဂ စတုတ္ထအကြိမ်     အထောက်အကူပြု    ကော်မတီ အစည်းအဝေးတွင် မူကြမ်းရေးဆွဲပြီးနောက်  ယင်း မူကြမ်းကို        ပြန်လည်ဆန်းစစ်ကာ     ပဉ္စမအကြိမ် မြောက်     အစည်းအဝေးတွင်    အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 
ကျင့်ဝတ်စည်းကမ်းနိဒါန်းတွင်        “သတင်းစာ လွတ်လပ်ခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သည့်အပြင်     ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ လွတ်လပ်ခွင့်များနှင့် နိုင်ငံတကာ အဓိဋ္ဌာန်ပြု  လူ့ အခွင့်အရေးကြေညာစာတမ်းပါ      လွတ်လပ်ခွင့် အားလုံး၏    စံနှုန်းလည်းဖြစ်သည်။    သတင်းစာ လွတ်လပ်ခွင့်သည်        ငြိမ်းချမ်းရေးထိန်းသိမ်း မြှင့်တင်ရေးအတွက်  မရှိမဖြစ်လိုအပ်သည်” စသည် ဖြင့် သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ဖွင့်ဆို ထားသည်။


သတင်းစာကျင့်ဝတ်စည်းကမ်းများ


လိုက်နာရမည့် သတင်းစာကျင့်ဝတ်စည်းကမ်း များနှင့်စပ်လျဉ်း၍ “ပြည်သူထံမှောက်  ရောက်ရှိ သည့်    သတင်းများ၊    အချက်အလက်များ    တိကျ မှန်ကန်ရေးကို  အာမခံရန် သတင်းစာနှင့်   အခြား သော လူထုဆက်သွယ်ရေးလုပ်သားများက အစွမ်း ကုန်ဆောင်ရွက်ရမည်။    ၎င်းတို့သည်     သတင်း အချက်အလက်အားလုံးကို     အစွမ်းဆောင်နိုင်ဆုံး စစ်ဆေးရမည်။ သတင်းအချက်အလက်ကို   ပုံပျက် ပန်းပျက်ဖြစ်စေရန် တမင်တကာမပြုလုပ်ရ၊ ထို့ပြင် လိုရင်းအချက်အလက်ကိုလည်း တမင်သက်သက် ဖုံးဖိဖျောက်ဖျက်ခြင်းမပြုရ” ဟူ၍ လည်းကောင်း၊
“တမင်သက်သက်   သားပုပ်လေလွင့်   ပြောဆို ရေးသားမှု၊    သူတစ်ပါးအကြောင်း    မကောင်းပြောဆို ရေးသားမှု၊   အသရေပျက်စေသော အရေးအသား၊ အခြေအမြစ်မရှိ  စွပ်စွဲဖော်ပြချက်များနှင့် သူတစ်ပါး ၏ အတွေးအခေါ် စကားလုံးများကို ခိုးချခြင်းများ သည်           ဤသက်မွေးဝမ်းကျောင်းလုပ်ငန်း၏ ကြီးလေးသော  ပြစ်မှုများဖြစ်သည်”  ဟူ၍လည်း ကောင်း၊ 
“ပြည်သူတို့နှင့်     ပတ်သက်၍     ရိုးသားမှုမှာ လျော်ကန်သင့်မြတ်သော သတင်းစာ အတတ်ပညာ ၏    အခြေခံအုတ်မြစ်ဖြစ်သည်။    ထုတ်ဝေဖြန့်ချိ လိုက်သော သတင်းတစ်ရပ်ရပ်သည် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလျက်     မတိမကျဖြစ်နေသည်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် မဆိုင်းမတွ ပြင်ဆင် ချက် ထည့်ပေးရမည်ဖြစ်သည်။ ကောလာဟလများ နှင့် အတည်ပြုချက်မရသေးသော သတင်းများကို စိစစ်ခွဲခြားပြီး   သီးသန့်ဖယ်ထားရမည်”  ဟူ၍ လည်းကောင်း၊
“လူတစ်ဦးချင်းစီ၏  ဂုဏ်သိက္ခာကို လေးစားရ မည်။ ထို့ပြင် ၎င်းတို့၏  ကိုယ်ပိုင်ဘဝနှင့်ပတ်သက်၍ ဝေဖန်ရေးသားမှုကို အများပြည်သူ  အကျိုးစီးပွား အတွက်မဟုတ်လျှင် ထုတ်ဝေဖြန့်ချိခြင်း  မပြုလုပ်ရ၊ ဂုဏ်သိက္ခာ သို့မဟုတ် စာရိတ္တကို  ထိပါးဖော်ပြပါက ချေပနိုင်သည့်     အခွင့်အရေးပေးရမည်”    ဟူ၍ လည်းကောင်း၊
“နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ဖော်ပြ၊ ဝေဖန်သူများအနေဖြင့် ထိုနိုင်ငံအကြောင်းကို လေ့လာသိရှိဆည်းပူးထားရန် တာဝန်ရှိသည်။    သို့မှသာ   ယင်းအပေါ်တွင်   တိတိ ကျကျနှင့်    တရားမျှတစွာ   ဝေဖန်ဖော်ပြနိုင်မည် ဖြစ်သည်” ဟူ၍လည်းကောင်း စသည်ဖြင့်  အတည် ပြု ပြဋ္ဌာန်းခဲ့သည်။
ထို့အတူ     နိုင်ငံတကာ    သတင်းစာဆရာများ အဖွဲ့ချုပ်ကလည်း“သတင်းစာဆရာသည် ပင်ရင်းသတင်းအချက်အလက်များအရသာလျှင်  သတင်း ဖော်ပြရမည်၊    သတင်းကို    ဖုံးဖိခြင်း၊  သို့မဟုတ် လွဲမှားအောင်   ပြုပြင်ခြင်းမပြုရ”    စသည်ဖြင့် သတင်းစာဆရာများ   လိုက်နာရမည့်    ကျင့်ဝတ် ဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ၁၉၅၄ ခုနှစ်က ကျင်းပခဲ့သော နိုင်ငံတကာ သတင်းစာဆရာများ အဖွဲ့ချုပ်၏     ဒုတိယအကြိမ်   ကမ္ဘာ့ညီလာခံတွင် အတည်ပြု ကြေညာခဲ့ပါသည်။ 


သတင်းစာဆရာ ကျင့်ဝတ်စည်းကမ်း


အင်တာအမေရိကန်      သတင်းစာအသင်းက လည်း    သတင်းစာဆရာ   ကျင့်ဝတ်စည်းကမ်းနှင့် ပတ်သက်၍ “  တိကျမှန်ကန်စွာ   သတင်းပေးရန်၊ ပြည်သူသို့ သိပိုင်ခွင့်ရှိသော သတင်းကို မထိမ်ချန်ရန်၊ အစဉ်သဖြင့် ပုဂ္ဂိုလ်စွဲကင်းသော၊ တည့်မတ်မှန်ကန် သော ရေးသားဟန်ကိုအသုံးပြုရန်၊ ကောလာဟလ များနှင့် သတင်းရရှိသည်ဆိုသည်ဟူသော   သတင်း ရေးသားမှုမျိုးကိုချန်ပြီး     သက်သေအထောက် အထားခိုင်လုံသည့် သတင်းအချက်အလက်များကို သာဖော်ပြရန်၊ မှားယွင်းသည့် သတင်းကို  ရေးသား ထုတ်ဝေခြင်းထက် ယင်းသတင်းကို ဖယ်ရှားသင့်က ဖြုတ်ထုတ်ဖယ်ရှားပစ်ရန်၊ သတင်းကို ဝေဖန်ချက် ပေးသည်နှင့်တူသော ရေးသားသူ၏ ထင်မြင်ချက်ကို သတင်းတွင်     ထည့်သွင်းဖော်ပြခြင်း   မပြုမိရန်၊ သတင်းတစ်ပုဒ်ကို မရေးသားမီတွင် ဩဇာကြီးမား ထက်မြက်သော ကလောင်လက်နက်သည် သတင်း ရေးသူလက်တွင်ရှိနေသည်ဆိုသော    အချက်ကို ခေါင်းထဲထည့်ထားရန်နှင့်   ပုဂ္ဂလိက    သို့မဟုတ် ပြည်သူ့အရာထမ်းတစ်ဦးတစ်ယောက်ကို  တစ်စုံ တစ်ရာ   ထိခိုက်နစ်နာအောင်    ဖော်ပြမိခြင်းသည် နောက်မှ မည်သည့်အတိုင်းအတာဖြင့် ဖြေရှင်းခြင်း၊ သို့မဟုတ် ရုပ်သိမ်းခြင်းပြုသည်ဖြစ်စေ၊ မည်သည့် အခါမျှ လုံးဝဥဿုံပြေပျောက်သွားနိုင်မည် မဟုတ် ကြောင်းကို သတိရှိနေရန်၊ နှစ်ဖက်အငြင်းပွားဖွယ် ကိစ္စများတွင် သမာသမတ်ရှိပြီး အဂတိမလိုက်စား ဘဲ    ဂုဏ်သိက္ခာရှိရှိ       ရပ်တည်သဘောထားရန်” စသည်ဖြင့် ၁၉၂၆  ခုနှစ်ကကျင်းပသည့်    ပထမ အကြိမ် ကွန်ဖရင့်တွင်   အတည်ပြုခဲ့ပြီး   တစ်ဖန် ၁၉၅၀ ပြည့်နှစ်ကကျင်းပခဲ့သည့်    ကွန်ဖရင့်တွင် ထပ်မံအတည်ပြုခဲ့ကြသည်။ 
ဂျပန်နိုင်ငံ၌လည်း သတင်းစာထုတ်ဝေသူများ နှင့် အယ်ဒီတာများအသင်းကြီး (Nihon Shinbun Kyokai)က သတင်းစာစည်းမျဉ်းဥပဒေဟူ၍ ၁၉၄၆ ခုနှစ်ကစပြီး    ပြဋ္ဌာန်းထားရာ   ယခုတိုင်လိုက်နာ ကျင့်သုံးလျက်ရှိကြသည်။
ဂျပန်သတင်းစာ        စည်းမျဉ်းဥပဒေများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်၊  သတင်းရေးသားခြင်းနှင့် အယ်ဒီတာ့အာဘော်ရေးသားမှုနယ်ပယ်၊ အယ်ဒီတာ့ အာဘော်ဝေဖန်ရေးသားခြင်း၏ အခြေခံမှု၊   သမာ သမတ်ကျမှု၊ သဘောထားကြီးခြင်း၊  လမ်းညွှန်မှု-တာဝန်ရှိမှုနှင့် ဂုဏ်ရှိမှု၊ ယဉ်ကျေးဖွယ်ရာရှိမှုဟူ၍ ကဏ္ဍခုနစ်ရပ်ပါရှိသည်။


ပြန်လည်ခုခံ ရှင်းလင်းခွင့်ရှိရမည်


သမာသမတ်ကျမှုကဏ္ဍတွင်     ဝေဖန်ရေးသား ခြင်းခံရသူများသည် ပြန်လည်ခုခံရှင်းလင်းခွင့်ရှိရ မည်။ မိမိရေးသားလိုက်သောသတင်း သို့မဟုတ် ဆောင်းပါးသည်         အချက်အလက်မှားယွင်းနေ ကြောင်းကို သိသိချင်း အမြန်ဆုံးပြန်လည်ရှင်းလင်း ဖော်ပြပေးရမည်ဟူ၍       ဖော်ပြပြဋ္ဌာန်းထားသည်။ 
သဘောထားကြီးခြင်းကဏ္ဍတွင် ဒီမိုကရေစီ၏ အခြေခံမူတစ်ခုမှာ လူတစ်ဦးချင်း၏ သဘောထားကို တင်ပြခွင့်ရှိခြင်းနှင့်       ချေပခွင့်ရှိခြင်းဖြစ်သည်။ သတင်းစာများကို   တည်းဖြတ်ရာတွင်  ထိုအခြေခံ မူကို ထင်ဟတ်ရမည်။ မိမိသတင်းစာနှင့် ဆန့်ကျင် သောဘက်မှ သတင်းများကိုလည်း မိမိ၏ သတင်း စာတွင် ဖော်ပြပေးရမည်ဟု ဆိုသည်။
ယဉ်ကျေးဖွယ်ရာရှိမှုကဏ္ဍတွင်    သတင်းစာ သည် အများပြည်သူထင်မြင်ချက်ကို ဩဇာလွှမ်းမိုးသည်ဖြစ်၍သတင်းစာများသည်    အရေးအသား တင်ပြပုံမှအစ ယဉ်ကျေးဖွယ်ရာရှိရမည်ဟူ၍ ဖော်ပြ ပါရှိသည်။ 


စာနယ်ဇင်းကျင့်ဝတ်များရှိ


မြန်မာနိုင်ငံတွင်လည်း မျက်မှောက်ကာလတိုင် အစဉ်တစိုက် ကျင့်သုံးလိုက်နာ  ဆောင်ရွက်ခဲ့ကြ သည့် စာနယ်ဇင်းကျင့်ဝတ်များရှိပါသည်။   နိုင်ငံ တကာ     သတင်းစာဆရာများ     လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ မူဝါဒများနည်းတူ သတင်းရေးသား ရာတွင်   ရှောင်ရန်၊   ဆောင်ရန်များကို   သတ်မှတ် ပြဋ္ဌာန်းထားပါသည်။
“ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြိုကွဲစေခြင်း၊ နိုင်ငံတော်၏နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို ထိပါးခြင်းဟူသည်တို့၌ အကျုံးဝင်သော နိုင်ငံတော် လုံခြုံမှုကို ထိခိုက်စေမည့်သတင်း၊ ဆောင်းပါးများကို လုံးဝရေးသားဖော်ပြခြင်း   မပြုရန်။     စာနယ်ဇင်း များသည်   တမင်ကြံရွယ်တွက်ဆလျက်   ဘာသာ ရေး၊    လူမျိုးရေးမုန်းတီးမှုများကို   လှုံ့ဆော်ခြင်း မပြုရ၊   ဇာတိကိုသော်လည်းကောင်း၊   ကိုးကွယ်ရာ ဘာသာကိုလည်းကောင်း အကြောင်းပြု၍ မတရား ဝေဖန်ရေးသားခြင်း   မပြုရန်လည်း    တားမြစ်ထား သည်။
ပြန်ကြားရေးဝန်ကြီးဌာနကလည်း  ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ       လုပ်ငန်းအသိအမှတ်ပြု   လက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိ သည့်နည်းတူ   နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ   အေးချမ်းသာယာရေး၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့နှင့်ပတ်သက်၍     ထိခိုက်စေသည့် အကြောင်းအရာတို့ကို ရေးသားထုတ်လွှင့် ဖော်ပြပါ က လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို  ရုပ်သိမ်း သည်အထိ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
ဆိုရလျှင် သတင်းစာ သို့မဟုတ် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ သတင်းသမားတို့၏  အခွင့်အရေးနှင့် အတူ     လိုက်နာစောင့်ထိန်းကြရမည့်   ကျင့်ဝတ် စည်းကမ်း၊ စံနှုန်းများကလည်း ဒွန်တွဲယှဉ်တွဲပါရှိနေ သည်ဟု ဆိုရပါမည်။ 


သို့ရာတွင် အနောက်အုပ်စုဝင် မီဒီယာအချို့ သည်     ၁၉၈၈   ခုနှစ်   အရေးအခင်းကာလမှ မျက်မှောက်ကာလတိုင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မရေမရာမသေချာသည့် သတင်းများ၊ အမှန်တရားနှင့်ကင်းကွာနေသည့်သတင်းများ၊  တစ်ဖက်သတ် စွပ်စွဲရေးသားမှုများ၊   မမှန်မကန်   လီဆယ်လုပ်ကြံ ဖော်ပြမှုများ၊ ဘက်လိုက်မှုများ၊ သွေးထိုးလှုံ့ဆော်မှု များ စသည်တို့ကို သတင်းစာ ကျင့်ဝတ်စံနှုန်းများနှင့် သွေဖည်ကာ ရေးသားထုတ်လွှင့်ဖော်ပြလျက်  ရှိနေ ဆဲပင်။ 


ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှတ်ကြောင်းပေး


၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ဘီဘီစီ နှင့်      ဗွီအိုအေအသံလွှင့်ဌာနများသည်     မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ သတင်း မှားများ၊ မမှန်မကန်သတင်းများအပေါ် အခြေခံသော ချဲ့ကားထားသည့် သတင်းဆောင်းပါးများ၊  သတင်း လွှာများကို   ဆက်တိုက်ထုတ်လွှင့်၍   မီးလောင်ရာ လေပင့်ပေးခဲ့ကြသည်။ ဩဂုတ်လဆန်းမှစတင်၍ ၈-၈-၈၈ ရက်    ရှစ်လေးလုံး   လူထုအုံကြွမှုကြီး ပေါ်ပေါက်လာစေရန်     ကြိုတင်နှတ်ကြောင်းပေးခဲ့ ကြသည်။


ဘီဘီစီအသံလွှင့်ဌာနက ၇-၈-၁၉၈၈  ရက်နေ့ တွင်   “ရန်ကုန်မြို့ရှိ  အနောက်နိုင်ငံ သံတမန်များ နဲ့ ထိုင်းနိုင်ငံသို့    မြန်မာနိုင်ငံမှ    ရောက်ရှိလာကြတဲ့ ခရီးသည်များအဆိုအရ    တနင်္လာနေ့မှာ   ကျင်းပဖို့ စီမံထားတဲ့ ပြည်လုံးကျွတ်အထွေထွေ သပိတ်ကြီး နဲ့   ကန့်ကွက်ပွဲများရင်ဆိုင်ရန် အာဏာပိုင်များက ပြင်ဆင်ထားကြောင်းနဲ့      ဗန်ကောက်လေဆိပ်ကို ရောက်ရှိလာကြတဲ့ အချို့ကနေ ပြောကြားချက်များ ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်မပေးမချင်း မြန်မာနိုင်ငံသို့ပြန်လာကြလိမ့်မယ် မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။ ပြင်ပကမ္ဘာကနေ မြန်မာနိုင်ငံ ရဲ့     လက်ရှိအစိုးရကို    ဖယ်ရှားဖို့   တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်မလားလို့လည်း     ၎င်းတို့က မျှော်လင့်နေကြပါတယ်တဲ့။ ၈၈ ခုနှစ်၊ ၈ လ၊ ၈ ရက် နေ့မှာ   အစိုးရဆန့်ကျင်ဆန္ဒပြဖို့    ရွေးချယ်ခဲ့ကြ တာဟာ     နံပါတ်     (၈)    ကို   ထူးခြားတဲ့နံပါတ် အဖြစ်နဲ့    သတ်မှတ်ကြလို့ဖြစ်ပါတယ်”    ဟုဆိုပြီး   ကြိုတင်   နှတ်ကြောင်းပေး၊   သွေးထိုးလှုံ့ဆော်ခဲ့ လေသည်။


ထို့အတူ    ၆-၈-၁၉၈၈     ရက်နေ့တွင်    ဘီဘီစီ သတင်းထောက်       ခရစ္စတိုဖာဂန်းနစ်က      မတ်လ အရေးအခင်းအတွင်း အကျဉ်းထောင်ထဲတွင် ခေတ္တ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုခံရသည့် ကျောင်းသူ လေးများ      အဓမ္မမတရားပြုကျင့်မှု     ခံရသဖြင့် ကိုယ်ဝန်ရှိလာပြီးနောက်      ထောင်ကလွတ်သည့် အခါတွင်        ကိုယ့်ကိုယ်ကိုယ်     သေကြောင်းကြံခဲ့ကြ ကြောင်းစသည်ဖြင့်    မဟုတ်မမှန်   လုပ်ကြံဖန်တီး ထားသည့်တွေ့ဆုံမေးမြန်းခန်းကို အသံလွှင့်ဖော်ပြ ၍ ထိုစဉ်က အစိုးရကို  လူထုက နာကြည်းမုန်းတီးမှု များဖြစ်လာစေရန်နှင့်  ၈-၈-၁၉၈၈   ရက်နေ့တွင် ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီး ပေါ်ပေါက် လာစေရန်  ကြိုတင်သွေးထိုး လှုံ့ဆော်ခဲ့လေသည်။ 


မျက်မှောက်ကာလ မီဒီယာလောက


မျက်မှောက်ကာလတွင် မီဒီယာလောကသည် ခေတ်နှင့်အညီ တစ်ရှိန်ထိုးပြောင်းလဲ တိုးတက်လာ ပါသည်။ တစ်ဖက်တွင်လည်း လိုက်နာစောင့်ထိန်း ရမည့်  ကျင့်ဝတ်၊    စည်းကမ်းများနှင့်   စံနှုန်းများမှာ လည်း    ကျိုးပေါက်မှုများ    ပိုမိုများပြားလာသည်။ အမေရိကန်ပါမောက္ခ    Frank   Luther Mott  က သတင်းစာကျင့်ဝတ်စည်းကမ်းများနှင့်ပတ်သက်၍ “သတင်းများကို   အမှန်တရားနှင့်  ကင်းကွာစေပြီး ဘက်လိုက်ဖော်ပြခြင်းသည် သတင်းစာလုပ်ငန်း၏ အခြေခံမူကို   အကြည်ညိုပျက်အောင်  လုပ်ဆောင် ခြင်းမည်၏”  ဟု ရေးသားခဲ့သော်လည်း  အမေရိကန် ဦးဆောင်သော   အနောက်အုပ်စုဝင်  မီဒီယာအများစု သည် ဝါဒချင်း၊ သဘောထားချင်း  မတိုက်ဆိုင်သည့် ၎င်းတို့နှင့်  ဆန့်ကျင်ဘက်နိုင်ငံများနှင့် နိုင်ငံငယ်များ အပေါ် မလျော်ဩဇာသုံး၍ အမှန်တရားနှင့်ကင်းကွာ သည့် သတင်းမှားများ၊ သက်သေအထောက်အထား မခိုင်လုံသည့်  သတင်းများ၊      အခြေအမြစ်မရှိသော စွပ်စွဲဖော်ပြချက်များ၊    ဘက်လိုက်မှုများ၊   သတင်း အချက်အလက်များကို  ပုံပျက်ပန်းပျက်ဖြစ်စေရန် ပြုလုပ်မှုများ၊   လိုရင်းအချက်အလက်ကို    တမင် သက်သက်ဖုံးဖိဖျောက်ဖျက်ခြင်းများကို    ပိုမိုလုပ် ဆောင်ဖော်ပြလာကြသည်။ 


ထို့အတူ   မြန်နှုန်းမြင့်  အင်တာနက်ခေတ်တွင် မီဒီယာများ ထိန်းသိမ်းလိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်     လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို လေးစားရမည်ဟူသည့် စံနှုန်းများမှာ လုံးဝပျောက်ကွယ်လုနီးနီးဖြစ်လာသည်။   အင်တာ နက် ဝက်ဘ်ဆိုက်၊ အွန်လိုင်းနှင့် လူမှုကွန်ရက်များ မှတစ်ဆင့် သူတစ်ပါးအကြောင်း မကောင်းပြောဆို ရေးသားမှုများ၊  တမင်သက်သက်  သားပုပ်လေလွင့် ပြောဆိုရေးသားမှုများ၊      အသရေပျက်စေသော အရေးအသား၊      အခြေအမြစ်မရှိသော      စွပ်စွဲ ဖော်ပြချက်များအပြင် ညစ်ညမ်းရုပ်ပုံများ၊  ညစ်ညမ်း စာပေများ၊     ဖြားယောင်းသွေးဆောင်ခြင်းများ၊   လိမ်လည်မှုများကို ပိုမိုလုပ်ဆောင်လာကြသည်။ 


သို့ဖြင့်     သတင်းစားသုံးသူ    ပြည်သူများသည် ဆင်ခြင်တုံတရားလက်ကိုင်ထား၍      ဖော်ပြပါ သတင်းများ    မှန်-မမှန်၊   သတင်းစာကျင့်ဝတ် စည်းမျဉ်းစည်းကမ်း၊ စံနှုန်းများနှင့် ညီ-မညီ၊ ကိုက်-မကိုက်ကို   အသိ၊ သတိတို့ဖြင့် လေ့လာအကဲဖြတ် ကြည့်ရန် လိုအပ်ပါကြောင်း    တင်ပြလိုက်ရပါ သည်။      ။


ကိုးကား -မောင်ဝံသ၏ “သတင်းစာပညာ သဘော     
        တရားနှင့်    လက်တွေ့”