သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၂၈


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့်အဖွဲ့အစည်း     (Asia-Pacific Institute for Broadcasting De-velopment- AIBD) တို့ ပူးပေါင်းပြီး  သတင်းမှားများ  ကိုင်တွယ်ဖြေရှင်းရန်  သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ “Workshop on Media Literacy to address disinformation” ပိတ်ပွဲအခမ်းအနားကို  ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည် တော် Horizon Lake View Hotel, State Meeting Room 2 ခန်းမတွင် ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးရဲတင့်၊   အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊   Workshop Consultant Associate Profe-ssor Dr. Sara Chinnasamy  နှင့်  Program Manager  Ms. Monica Phang၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့်   အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံ လွှင့်အဖွဲ့အစည်းများ၊  Content Provider များ၊ မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း (MBA) နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ   ကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ 


ရှင်းလင်းပြောကြား


ရှေးဦးစွာ    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က အလုပ်ရုံဆွေးနွေး ပွဲ ပြုလုပ်ရခြင်းနှင့်  စပ်လျဉ်း၍ ရရှိလာသည့် အကျိုးကျေးဇူးများ ကို      ရှင်းလင်းပြောကြားပြီး  Workshop အကြံပေးကျွမ်းကျင် ပညာရှင် Dr. Sara Chinnasamy က     သင်တန်းဆိုင်ရာများကို  ပြောကြား၍  တက်ရောက်လာကြ သည့်    သင်တန်းသား သင်တန်းသူ များကိုယ်စား မြန်မာနိုင်ငံ  ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းမှ  ဦးရဲနိုင်စိုးက ကျေးဇူး တင်စကား ပြောကြားသည်။ 


စိန်ခေါ်မှုတစ်ရပ်ဖြစ်


ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်  အမှာစကားပြောကြား ရာတွင် ဆွေးနွေးပွဲကိုတက်ရောက် လာကြသူများအနေဖြင့်   ကမ္ဘာ တစ်ဝန်းရှိ  မီဒီယာလောကတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် မီဒီယာ သိနားလည်မှုနှင့်  စပ်လျဉ်း၍ ပိုမို နားလည်သဘောပေါက်မှုများ ရရှိ မည်ဟု    ယုံကြည်ပါကြောင်း၊ အရေးကြီးသည့် ထိုးထွင်းသိမြင် မှုများနှင့် အရေးယူဆောင်ရွက်ရ မည့်အချက်များဖြစ်သည့် သတင်း ပညာ၏      ဓမ္မဓိဋ္ဌာန်ကျမှုနှင့် content များအပေါ် တန်ဖိုးထား မှုများ၊      လိမ်လည်မှုပစ်မှတ် များ၊ ကောလာဟလသတင်းများ၊ သတင်းမှား ခွဲခြားဖော်ထုတ်ရန် နည်းလမ်းများနှင့် ပင်မမီဒီယာ၏ သတင်းတင်ဆက်မှုတွင် ယုံကြည် လက်ခံလာစေရန် နည်းလမ်းများ မြှင့်တင်ခြင်း စသည့်အကြောင်း အရာများကို   ယခုဆွေးနွေးပွဲမှ အသားပေး ဖော်ထုတ်ဆွေးနွေး နိုင်ခဲ့ပါကြောင်း၊    နှစ်ရက်တာ ဆွေးနွေးပွဲမှ ရရှိလာသည့်ရလဒ် များကို နေ့စဉ်အစီအစဉ်ထုတ်လုပ် ခြင်းနှင့်  သတင်းတင်ဆက်ခြင်း စသည့်   လုပ်ငန်းခွင်များအတွက် ထိထိရောက်ရောက် အသုံးပြုနိုင် လိမ့်မည်ဟုလည်း  ယုံကြည်မိပါ ကြောင်း၊  နောင်အနာဂတ်တွင် လည်း ယခုကဲ့သို့ ဆွေးနွေးပွဲမျိုးကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် AIBD တို့ အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ရန်     မျှော်လင့်ပါကြောင်း ပြောကြားသည်။ 


ပေးအပ်ချီးမြှင့်


ယင်းနောက်    Workshop အကြံပေး  ကျွမ်းကျင်ပညာရှင် Dr. Sara Chinnasamy    က တက်ရောက်လာကြသည့်သင်တန်း သား သင်တန်းသူများအားသင်တန်း ပြီးမြောက်ကြောင်း အသိအမှတ် ပြုလွှာများပေးအပ်ပြီး     ဒုတိယ ဝန်ကြီး ဦးရဲတင့်က Workshop အကြံပေး ကျွမ်းကျင်ပညာရှင် Dr. Sara Chinnasamy နှင့် Program Manager Ms. Monica Phangတို့ ကို ဂုဏ်ပြုအမှတ်တရလက်ဆောင် များ ပေးအပ်ချီးမြှင့်သည်။ 


ဆက်လက်၍     အမြဲတမ်း အတွင်းဝန်      ဦးမျိုးမြင့်မောင် က “မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ၏      တာဝန်များနှင့် သက်ဆိုင်ရာ    နယ်ပယ်များနှင့် ဆက်သွယ်မှုများ”   ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ   ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးကို     လည်း ကောင်း၊           “သတင်းထုတ်ပြန်ရေး ကန့်သတ်ချက်များနှင့် အစိုးရနှင့် ပုဂ္ဂလိကမီဒီယာများ၏ ကိုယ်ပိုင် သတ်မှတ်ချက်များ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ   Forever Group မှ  အထွေထွေမန်နေဂျာ ဦးကျော်ကျော်ကိုလည်းကောင်း၊ “ကန့်သတ်ချက်များကို ရင်ဆိုင် ဖြေရှင်းခြင်း”ခေါင်းစဉ်နှင့်ပတ်သက် ၍ ဦးဆောင်ဆွေးနွေးသူ ပြန်ကြား ရေးဝန်ကြီးဌာန  မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံ ကိုလည်းကောင်း     အမှတ်တရ လက်ဆောင်များ ချီးမြှင့်သည်။ 


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်က ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများကို    အမှတ်တရ လက်ဆောင်များ   ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။


ပြန်ကြားရေး    ဝန်ကြီးဌာန မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား အနေဖြင့်   AIBD  ၏   တင်းပြည့် အဖွဲ့ဝင်အဖြစ်   (၁၉၉၇)   ခုနှစ် ဇူလိုင် ၂၉ ရက်က ဝင်ရောက်ခဲ့ကာ ဒေသတွင်း နိုင်ငံများနှင့် မီဒီယာ ကဏ္ဍ ဆက်ဆံရေးနယ်ပယ်များ တွင်  ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိရာ နိုင်ငံတည်ဆောက်ရေး နှင့်    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်   ရုပ်သံမီဒီယာ များ၏အခန်းကဏ္ဍနှင့် စွမ်းဆောင် ရည် များ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတကာ   အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများ ကို ယခုကဲ့သို့   ကျင်းပခြင်းဖြစ် ကြောင်း သိရှိရသည်။

သတင်းစဉ်