သတင်းကြေညာချက်

 

၁။    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏    ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော   POSCO  International  Corporation  (Myanmar E&P) ကုမ္ပဏီသည်  ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင်    သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများ၌      အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသင့်စောင့်ဆိုင်းလျက်ရှိသော ရေယာဉ်များ ခေတ္တရပ်နားနိုင်ရန်    (Temporary Remote Mooring Buoy) ရွေ့လျားဘော်ရာချထားမည့်  တည်နေရာကိုဖော်ပြသည့်  Coordinate များဖြစ်သော Object Mooring Buoy မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၂၅ ဒသမ ၇၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၇ မိနစ် ၂၉ ဒသမ ၅၀ စက္ကန့်တွင် ၂၀၂၂ ခုနှစ်၊ မတ်  ၃၁  ရက်မှ ၂၀၂၂ ခုနှစ်၊    ဇွန်  ၁၅   ရက်အထိ   လုပ်ငန်းခွင်ဧရိယာအတွင်း ချထား မည်ဖြစ်ပါသည်။

 


၂။    သို့ဖြစ်ပါ၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  အသင့်စောင့်ဆိုင်းလျက်ရှိသောရေယာဉ်များခေတ္တရပ်နားနိုင်ရန်    (Temporary  Remote Mooring Buoy)   ရွေ့လျားဘော်ရာအား   ချထားစဉ်ကာလအတွင်း လုပ်ငန်း နှောင့်နှေးကြန့်ကြာမှု    မဖြစ်ပေါ်‌‌စေရေးအတွက်    အထက်ဖော်ပြပါ တည်နေရာများမှ  (၄) ကီလိုမီတာ  ပတ်လည်အတွင်းအား  ရေကြောင်း သတိပေးချက် (Notice to Mariners)   ထုတ်ပြန်ကြေညာထားပါ၍  သင်္ဘောကြီးငယ်များ၊  ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားထား ခြင်း၊ ငါးဖမ်းဆီးခြင်းနှင့်  ငါးဖမ်းကိရိယာများချထားခြင်း  မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။                                          

ငါးလုပ်ငန်းဦးစီးဌာန