
၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသောPTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-3တွင် (Aung Sinkhk Development Project)အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရန်အတွက် Marine Baseline Survey of EIA studies လုပ်ငန်းများအားSurvey Vessel “MV.HAI DUONG 68” ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinates များဖြစ်သော Point WP1မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၃၃.၉၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၃ မိနစ် ၄၀.၄၁ စက္ကန့်၊ Point WP2 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၄ မိနစ် ၄၄.၄၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ် ၄၉.၅၀ စက္ကန့်နှင့် Point Reference Station မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၂၈.၈၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄ မိနစ် ၇.၉၄ စက္ကန့်အတွင်းနှင့် (Appraisan/Exploration Drilling Calpaign) အကဲဖြတ်ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နိုင် ရန်အတွက် Marine Baseline Survey of EIA Studies လုပ်ငန်းများအား Survey Vessel “MV. HAI DUONG 68” ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinates များဖြစ်သော Point Well no.1 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၅၈.၆၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ် ၀.၈၄ စက္ကန့်နှင့် Point Reference Station မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၇ မိနစ် ၄၇.၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၁ မိနစ် ၂၀.၈၃ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊၊
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ M-3 တွင် (Aung Sinkhk Development Project and Appraisal/Exploration Drilling Campaign) အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အကဲဖြတ် ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် Marine Baseline Survey of EIA Studies လုပ်ငန်းများအား Survey Vessel “MV.HAI DUONG 68”ရေယာဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါ လုပ်ငန်းခွင် တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်၊၊
ငါးလုပ်ငန်းဦးစီးဌာန