သတင်းအမှန်ပြည်သူ့ထံ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

 

ရန်ကုန်   မေ   ၂၅


မြန်မာနိုင်ငံ        သတင်းမီဒီယာကောင်စီနှင့်  အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်    (ရန်ကုန်)တို့ပူးပေါင်း၍    သတင်းအမှား၊   သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးအတွက်   သတင်းအမှန် ပြည်သူ့ထံခေါင်းစဉ်ဖြင့် အသိပညာပေး ဟော ပြောပွဲကို  မေ ၂၅  ရက် က  အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပသည်။

 


အဆိုပါ          အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံ     သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ၊ဒုတိယဥက္ကဋ္ဌ (၁)ဦးမျိုးထွန်း  (မောင်စိမ်းနောင်- လယ်ဝေး)နှင့်  အတွင်းရေးမှူး     ဦးအောင်ပြည့်စုံတို့က ဆွေးနွေးဟောပြောကြသည်။

 


ဟောပြောပွဲသို့    အမျိုးသားယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်)မှ   ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ်၊  ပါမောက္ခဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ    တက်ရောက် ကြပြီး  သတင်းအမှား၊ အမှန်  ခွဲခြားသုံးသပ်နိုင် စေရန်အတွက်  သာဓကများ၊  အချက်အလက် များ အပြည့်အစုံဖြင့်  ဆွေးနွေးဟောပြောကာလူမှုကွန်ရက်စာမျက်နှာများတွင်  ဖော်ပြလျက် ရှိသော  သတင်းများကို  နည်းပညာအသုံးပြု၍ အမှားအမှန်ခွဲခြားသုံးသပ်နိုင်မည့်  နည်းလမ်း များအပြင်   နိုင်ငံချစ်စိတ်၊  အမျိုး၊   ဘာသာ၊ သာသနာကို   လေးစားသည့်   စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေး၊    နိုင်ငံချစ်စိတ်မြင့်မားရေး နှင့်  စာပေဖတ်ရှုလေ့လာမှုပြုရေး ဆွေးနွေး    ဟောပြောကြသည်။     

 


အခမ်းအနားတွင်    ဟောပြောပေးသည့် မြန်မာနိုင်ငံ   သတင်းမီဒီယာကောင်စီဝင်များ အား  ပါမောက္ခချုပ်  ဒေါက်တာကေသီထွေးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရှိရသည်။      

သတင်းစဉ်