သတင်းအမှန်များ ပျံ့နှံ့အောင် မီဒီယာကဏ္ဍမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလို လက်ရှိအချိန်တွင် တစ်ဦးကိုတစ်ဦး အပြစ်ပြောနေမည့်အစား နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်

နေပြည်တော်   ဖေဖော်ဝါရီ    ၂


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့်  FM အသံလွှင့်လုပ်ငန်းရှင်များအား ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ    ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်၊၊


တက်ရောက်


တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပုဂ္ဂလိကရုပ်မြင်သံကြားနှင့်  FM အသံလွှင့်လုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  အမှာစကားပြောကြားရာ၌ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူ လူထုအား သတင်းအမှန်များ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း၊  နိုင်ငံတည်ငြိမ်အေးချမ်းမှု၊    စည်းလုံးညီညွတ်မှုကို     မလိုလားသော ပြည်ဖျက်မီဒီယာများက ပြည်သူလူထုအား အစိုးရအပေါ် ဒေါသများ၊ အမုန်းတရားများ ဖြစ်ပေါ်အောင် သတင်းမှားများဖြင့် လှုံ့ဆော်လျက် ရှိသလို အကြမ်းဖက်သမားများကလည်း လူထုအားအကြောက်တရား ဖြင့် ခြိမ်းခြောက်ဝါဒဖြန့်လျက်ရှိကြောင်း။ 


နိုင်ငံတော်ဝန်ကြီးချုပ်က မီဒီယာကဏ္ဍ၏ အရေးကြီးမှုကို  အသိ အမှတ်ပြုကြောင်း၊  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထု၏အားသည် များစွာလိုအပ်ပြီး  နိုင်ငံတည်ငြိမ်အေးချမ်းမှသာ ပြည်သူများ စားဝတ် နေရေးအတွက် အလုပ်ကိုနောက်ဆံမတင်းဘဲ လုပ်ကိုင်နိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍  သတင်းအမှန်များပျံ့နှံ့အောင် မီဒီယာကဏ္ဍမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ လက်ရှိ အချိန်တွင် တစ်ဦးကိုတစ်ဦး အပြစ်ပြောနေမည့်အစား နိုင်ငံဖွံ့ဖြိုး တိုးတက်အောင်  ဦးစားပေးဆောင်ရွက်ကြရမည့်  အချိန်အခါဖြစ် ကြောင်း ပြောကြားသည်။ 


ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က မီဒီယာကဏ္ဍမှ ရှေ့ဆက် လက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် တက်ရောက်လာကြသည့် ပုဂ္ဂလိကရုပ်မြင်သံကြား နှင့်  FM အသံလွှင့်လုပ်ငန်းများမှ  တာဝန်ရှိသူများက  လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများ၊   အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ လက်ရှိထုတ်လွှင့်ပြသမှုများတွင် ဖြစ်ပေါ်နေသည့် အခက် အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ထို့နောက်   ပြည်ထောင်စုဝန်ကြီးက   ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။                    

   သတင်းစဉ်