
နေပြည်တော် မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်း ကျောင်း(ပင်လုံ)၌ သတင်းအမှား အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းက အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ဦးစွာ နယ်စပ်ရေးရာဝန်ကြီး ဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန (ပင်လုံ)မှ ကျောင်းအုပ် ဆရာကြီး ဦးသိန်းထွန်းက အသိ ပညာပေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ရခြင်း အကြောင်းနှင့် ပတ်သက်၍ အမှာစကားပြောကြား သည်။ ထို့နောက် လွိုင်လင်မြို့ ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ကြည်လွင် က မူးယစ်ဆေးဝါးအကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ပင်လုံ နယ်မြေရဲစခန်းမှ ဒုရဲအုပ်စိုးလှိုင် က ဥပဒေရေးရာအကြောင်းအရာ များနှင့် ပတ်သက် ၍လည်းကောင်း၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းက သတင်းတုနှင့် လုပ်ကြံသတင်းများ ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ ပင်လုံ နယ်မြေမီးသတ်စခန်း ဒုတိယ ဦးစီးမှူး ဦးရဲအောင်က မီးဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို လည်း ကောင်း၊ နယ်စပ်ဒေသတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က အသိပညာ ပေးဟောပြောပွဲနှင့် ပတ်သက်၍ လည်းကောင်း အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်