သတင်းအချက်အလက်များကို ခိုးယူသည့် အီးမေးလ်များနှင့်ပတ်သက်၍ MMCERT က သတိပေးချက်ထုတ်ပြန်

 

ရန်ကုန်     ဒီဇင်ဘာ  ၂၅
မသမာသူများက      သတင်းအချက်အလက် များကို ခိုးယူရန် ရည်ရွယ်၍ ပေးပို့နေသော အီးမေးလ်(Phishing Mail)များနှင့်ပတ်သက် ၍ သတိပေးချက်တစ်ရပ်ကို      မြန်မာနိုင်ငံ ကွန်ပျူတာ        အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (MMCERT) က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန် ထားသည်။
အဆိုပါသတိပေးချက်တွင်  မသမာသူ များက သတင်းအချက်အလက်များကို ခိုးယူ ရန် ရည်ရွယ်၍   dopinformation@gov.mm.gov-org.com    အီးမေးလ်လိပ်စာဖြင့် ဆွဲဆောင်မှုရှိသည့် အကြောင်းအရာများပါရှိ သော  အဖျက်အမှောင့်   အီးမေးလ်များကို ပေးပို့လျက်ရှိကြောင်း၊  ယင်းအီးမေးလ်တွင် ပူးတွဲပါဝင်သော  Microsoft Word ဖိုင်များကို ဖွင့်ကြည့်မိပါက Microsoft Office ၏ လုံခြုံ ရေးအားနည်းချက်ဖြစ်သော    CVE 2022-30190  ကြောင့်    myanmar-gov-mm.donwloaded.com၊ mmcert-org-mm.donwloaded.com နှင့် အခြားသော အဖျက် အမှောင့် ဝက်ဘ်ဆိုက်များမှ အဖျက်အမှောင့် ကုဒ်များပါသည့် HTML ဖိုင်များ သို့မဟုတ် RTF ဖိုင်များကို ထပ်မံ Download လုပ်ကာ Microsoft Windows Support Diagnostic Tool (MSDT) ၏ လုံခြုံရေးအားနည်းချက်ကို တိုက်ခိုက်ပြီး တိုက်ခိုက်ခံရသူ၏ ကွန်ပျူတာ တစ်ခုလုံးကို ထိန်းချုပ်၍    သတင်းအချက် အလက်များကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖွင့်ချခြင်းတို့ကို      ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါနည်းလမ်းဖြင့် တိုက်ခိုက်ခံရနိုင် ခြေရှိသော ကွန်ပျူတာ(Windows) များမှာ အပ်ဒိတ်ပြုလုပ်ထားခြင်းမရှိသော Windows Server 2022/ 2019/ 2016/ 2012 & 2012 R2/ 2008 R2၊ Windows 11/10/8.1 နှင့် Windows 7 Service Pack 1 တို့ ဖြစ်ကြောင်း  သိရသည်။
မိုက်ခရိုဆော့ဖ်အနေဖြင့်   CVE 2022-30190  (Microsoft Windows  Support Diagnostic Tool (MSDT) Remote Code Execution Vulnerability) ၏   လုံခြုံရေး အားနည်းချက်ကို ပြင်ဆင်နိုင်သည့် အပ်ဒိတ် ဖိုင်ကို  ၂၀၂၂ ခုနှစ်  ဇွန်လကတည်းကပင် ဖြန့်ချိထုတ်ဝေပြီးဖြစ်ရာ Microsoft Win-dows  နှင့် Microsoft Office ကို အသုံးပြုသူ များအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် အဆိုပါ Operating System များနှင့်  ဆော့ဖ်ဝဲများကို    အမြဲ အပ်ဒိတ်ပြုလုပ်ရန်နှင့် Antivirus ဆော့ဖ်ဝဲ များကို နောက်ဆုံးအခြေအနေအထိ အပ်ဒိတ် ပြုလုပ်ကြရန်      မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့က      သတိပေး နှိုးဆော်ထားသည်။                         ကိုစိုး