သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈ ပါ  စည်းကမ်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့်  သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော် လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း  သတ်မှတ် ချက်နှင့်အညီစစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိ အမှတ်ပြုလက်မှတ်ကို  ပြန်လည်ရုပ်သိမ်းခြင်း  သို့မဟုတ် ကာလ အကန့်အသတ်ဖြင့်  ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။

 

သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးဟံသာစန်း(A Times သတင်းအေဂျင်စီ) သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ  ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကို   လိုက်နာခြင်းမရှိဘဲ   နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် A Times သတင်း အေဂျင်စီကို ၂၀၂၃ခုနှစ်၊   ဇွန်လ ၈ ရက်နေ့မှစတင်၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီအနေဖြင့် မီဒီယာအမျိုးအစား တစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု ၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် အသိပေးကြေညာ အပ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန