
နေပြည်တော် ဖေဖော်ဝါရီ ၂၄
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှုအခြေအနေ၊ LED မီးတပ်ဆင် ထားရှိမှုအခြေအနေ၊ အဆောက် အဦ ကြံ့ခိုင်မှု အခြေအနေများနှင့် အိမ်ထောင်စု စာရင်းအတိုင်း နေထိုင်မှု ရှိ-မရှိ အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ တိုက် ပတ်ဝန်းကျင်သန့်ရှင်းရေး ကို နေ့စဉ်/ အပတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ် မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် စုပေါင်းဆောင် ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်း အိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် လျှပ်စစ်မီးလုံခြုံ ရေးနှင့်ပတ်သက်၍ အရေးပေါ် အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရမည်တို့ကို မှာကြား ပြီး တိုက်ခန်းနေ မိသားစုများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ကာ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
အလားတူ ပြည်ထောင်စု ဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်း က နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဝန်ထမ်းများ တွေ့ဆုံ ပွဲ (၁/၂၀၂၄) သို့ တက်ရောက်ပြီး ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ် သည့် သတ်မှတ်ပြဋ္ဌာန်းထားရှိ သော ဥပဒေနှင့်အညီ တိုင်းရင်းသား များ၏ စာပေနှင့်ယဉ်ကျေးမှုများ ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသား ရေးရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း နှင့်စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝမြင့်မား တိုးတက်စေရေး ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှု ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်း များပီပီ စနစ်တကျ လိုက်နာ ကျင့်သုံး ဆောင်ရွက်သွားကြ ရန်ဖြစ်ကြောင်း ပြောကြား သည်။ယင်းနောက် ဒုတိယဝန်ကြီး က ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံများ ၏ အမျိုးသားအကျိုးစီးပွား ကြောင့် ဖြစ်ပေါ်နေသော ကမ္ဘာ့ နိုင်ငံရေး အခြေအနေများနှင့် စီးပွားရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ် ချက်များကို တင်ပြကြရာအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ရှင်းလင်း ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီး နှင့်ဒုတိယဝန်ကြီးတို့က ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ကြသည်။
ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်း သုံးဦးကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဆုများ ချီးမြှင့်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်