သတ်မှတ်ချက်နှင့်မကိုက်ညီသော ကွန်ပျူတာများတွင် Windows 11 တင်ထားမှုများကို ရေစာဖြင့် သတိပေးမည်

 

 

ရန်ကုန် မတ် ၂၉
ကွန်ပျူတာအသုံးပြုသူများအတွက် Windows 11 ကို   ပြီးခဲ့သည့်နှစ်    အောက်တိုဘာလက   စတင် ထုတ်ပေးခဲ့ပြီးနောက်     အသုံးပြုသူများအနက် အချို့အနေဖြင့် သတ်မှတ်ထားသည့်လိုအပ်ချက်များ နှင့် မကိုက်ညီသော ကွန်ပျူတာများပေါ်တွင်လည်း ဝင်းဒိုး ၁၁ ကိုတင်၍ အသုံးပြုနေကြရာ ထိုသို့အသုံးပြု နေသူများအတွက် ရေစာဖြင့် သတိပေးချက်ဖော်ပြ မည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က မတ် ၂၁  ရက်က ထုတ်ပြန်ကြေညာသည်။ 
လက်ရှိအချိန်တွင် ဝင်းဒိုးဗားရှင်းအသစ်များကို စမ်းသပ်အသုံးပြုခွင့်   ပေးထားသည့်    Windows insider program တွင် ပါဝင်အသုံးပြုနေသူများအား အဆိုပါသတိပေးချက်ကို ဖော်ပြနေပြီဖြစ်ကာ ဝင်းဒိုး ၁၁ ကို  သုံးနေသူများသည်  လိုအပ်ချက်နှင့်မကိုက် ညီသော ကွန်ပျူတာပေါ်တွင်တင်၍ သုံးနေခြင်းဖြစ် ပါက “System requirements not met. Go to settings to learn more.”    ဟူသော    သတိပေး စာတန်းကို ကွန်ပျူတာဝင်းဒိုး၏ ဒက်စတော့ပေါ်တွင် ရေစာဖြင့်  ဖော်ပြနေမည်ဖြစ်သည်။  ပြည်တွင်း၌ လက်ရှိအသုံးများသည့် ဝင်းဒိုး ၁၀ နှင့် ယခင်က သုံးခဲ့သည့် ဝင်းဒိုး ၇ များတွင် လိုင်စင်ဝင်းဒိုးမဟုတ် သည်များကို သုံးပါက 'This Copy of Windows Is Not Genuine' ဟု ရေစာဖြင့် သတိပေးချက် ဖော်ပြ နေသည့် ပုံစံမျိုးဖြစ်သည်။
မိုက်ခရိုဆော့ဖ်သည် ဝင်းဒိုး ၁၁ ကို ထုတ်ခဲ့ရာ တွင်   ဟာ့ဒ်ဝဲလိုအပ်ချက်သည်   မြင့်မားနေသဖြင့် ကွန်ပျူတာအဟောင်းအများစုနှင့်   ကိုက်ညီမှုမရှိခဲ့ သော်လည်း ကွန်ပျူတာဝါသနာရှင်များကမူ ဟာ့ဒ်ဝဲ လိုအပ်ချက်မကိုက်သော    ကွန်ပျူတာများတွင်ပါ ဝင်းဒိုးဗားရှင်းသစ်ကို နည်းလမ်းအမျိုးမျိုးဖြင့်တင်၍ သုံးခဲ့ကြကာ အဆင်မပြေမှုများလည်း ရှိနေကြသည်။ ထို့ကြောင့် မိုက်ခရိုဆော့ဖ်အနေဖြင့် ယခုလို သတိပေး ချက်ဖော်ပြရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အနိမ့်ဆုံး ဟာ့ဒ်ဝဲလိုအပ်ချက်
ကွန်ပျူတာများတွင် ဝင်းဒိုး ၁၁ တင်ရန်အတွက် အနိမ့်ဆုံး ဟာ့ဒ်ဝဲလိုအပ်ချက်အနေဖြင့် 1 gigahertz   64-bit processor ၊ Ram 4GB ၊ ဝင်းဒိုးစစ်စတမ် အတွက် အနိမ့်ဆုံး ဒေတာသိုလှောင်မှု 64 GB ၊ UEFI System firmware ၊ WDDM 2.0 driver နှင့် DirectX 12 ဂရပ်ဖစ်ကတ်တို့ကို လိုအပ်သည်ဟု မိုက်ခရို ဆော့ဖ်က ထုတ်ပြန်ထားသော်လည်း အမှန်တကယ် အသုံးပြုလျှင်မူ     ဝင်းဒိုးစနစ်ကို     လည်ပတ်ရန် အတွက်ပင် RAM 4 GB ခန့် လိုအပ်နေသဖြင့် အခြား ပရိုဂရမ်တစ်ခုခုကို  အသုံးပြုမည်ဆိုပါက အနိမ့်ဆုံး RAM 8 GB ရှိသော ကွန်ပျူတာများမှသာ အဆင်ပြေ မည်ဖြစ်ကြောင်း လက်တွေ့အသုံးပြုနေသူများ၏ ပြောကြားချက်များအရ သိရသည်။
ကိုစိုး
ကိုးကား - PCworld.com