
ဝါရှင်တန် ဖေဖော်ဝါရီ ၁၆
ကမ္ဘာ့ဘဏ် အုပ်စု ဥက္ကဋ္ဌ ဒေးဗစ်မယ်လ်ပက်စ်သည် သတ်မှတ်ကာလထက်တစ်နှစ်စော၍ ရာထူးမှ နုတ်ထွက်သွားရန် အစီအစဉ်ရှိသည်ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်း၏ ရည်ရွယ်ချက် ကို ကြေညာခဲ့သည်။ ၎င်း၏ရာထူးသက်တမ်း မကုန်ဆုံးမီ တစ်နှစ်အလိုတွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းက ကြေညာခဲ့သည်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည် မှာ လေးနှစ်ကြာခဲ့ပြီးနောက် ဇွန် ၃၀ ရက်က ကမ္ဘာ့ဘဏ်အုပ်စု၏ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် ဒေးဗစ် မယ်လ်ပက်စ်သည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းခံရခြင်းဖြစ်သည်။ ၎င်းသည် ကိုဗစ် - ၁၉ ကပ်ရောဂါ အစပိုင်းတွင် ရာထူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ရခြင်း လည်းဖြစ်သည်။
ငါးနှစ်သက်တမ်းရှိသည့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနေရာကို လေးနှစ်သာ တာဝန် ထမ်းဆောင် ပြီး ထွက်ခွာသွားမည့် အကြောင်းကိုမူ သေချာ မသိရသေးကြောင်း။ နောက်ထပ် စိန်ခေါ်မှု အသစ်များနောက် လိုက်လိုသည့်အတွက် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ